ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦးဆိုင်ရာ ဆွေးနွေးပွဲ

ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အအုံဆိုင်ရာဆွေးနွေးပွဲကို ၂၀၁၇ သြဂုတ်လ ၁၇ ရက် နေ့လည် ၁း၀၀ နာရီတွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်များသိပ္ပံသုတေသနဌာန၌ ပြုလုပ်ခဲ့ ပါသည်။ ဆွေးနွေးပွဲတွင် ၁၉၅၃ မှ ၂၀၁၇ အထိ ကျောင်းသားမျိုးဆက်အသီးသီးက သဘောထားအမြင်များ တင်ပြခဲ့ကြပါသည်။ ထို့နောက် ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အအုံဆိုင်ရာ ဆွေးနွေးပွဲ ဖိတ်ကြားရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။

Continue Reading

အင်္ဂပူမြို့နယ် စည်းရုံးရေးကော်မတီ ဖွဲ့စည်းရေးအစည်းအဝေး ကျင်းပ

၁၃-၈-၂၀၁၇ ရက်နေ့ နေ့လည် ၁း၃၀ နာရီမှ ညနေ ၄း၀၀ နာရီခန့်အထိ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်စည်းရုံးရေးကော်မတီ ဖွဲ့စည်းရေးအစည်းအဝေးကို ကျင်းပခဲ့ပါသည်။ထိုအစည်းအဝေးတွင် အင်္ဂပူမြို့နယ်စည်း ရုံးရေးကော်မီတီကို ဖွဲ့စည်းခဲ့ပါသည်။
ထိုအစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဧရာဝတီတိုင်းစည်းရုံးရေးကော်မီတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်း၊ ဗဟိုစည်း ရုံးရေးကော်မတီဝင် ဦးအောင်မိုးဝင်းနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြပါ သည်။
ဥက္ကဋ္ဌမှ ပါတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များသို့ အမှာစကားပြောကြားရာတွင် ယနေ့ကာလ နိုင်ငံရေး အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပါတီဝင်များထမ်းဆောင်ကြရမည့် ယနေ့ကာလနိုင်ငံရေးတာဝန်များကို ချပြ ဆွေးနွေးခဲ့ပါသည်။

Continue Reading

အင်္ဂပူမြို့နယ် ဆွမ်းချက်အင်းကျေးရွာ၌ ဒေသခံ လယ်သမားများနှင့် တွေ့ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီ၏ တောင်သူလယ်သမားရေးရာကော်မတီ တာဝန် ရှိသူများသည် ၂၀၁၇၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ဆွမ်းချက်အင်းကျေးရွာ၌ ဒေသခံ လယ်သမားများနှင့် တွေ့ဆုံခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌက ပါတီ၏ လယ်ယာမြေဆိုင်ရာမူဝါဒနှင့် သဘောထားလုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ဒေသခံတောင်သူလယ်သမားများဖက်ကလည်း ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသည့် လယ်ယာမြေ ပြဿနာများကို တင်ပြဆွေးနွေးခဲ့ကြရာ တောင်သူလယ်သမားရေးရာကော်မတီ ခေါင်းဆောင်များဖြစ်ကြသည့် ဦးတိုးတိုးထွန်း၊ ဦးအောင်မိုးဝင်းနှင့် ဥပဒေအကြံပေး ဦးအောင်တင်သိန်းတို့က ပြန်လည်ဆွေးနွေးပေးခဲ့ကြပါသည်။

Continue Reading

၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

အထိမ်းအမှတ်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင် ကော်မတီဝင် ဦးကျော်ကျော်စိုးနှင့် ဗဟိုစည်းရုံးရေး ကော်မတီဝင် ဦးဇော်ဇော်ထွန်းတို့ တက်ရောက်ခဲ့ကြပြီး၊ ကရင်လူငယ်တစ်ဦးက ပါတီ၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။

Continue Reading

၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ စိန့်ပီတာ စိန့်ပေါလ် ဘုရားကျောင်းဝင်းတွင် ၂၀၁၇၊ သြဂုတ်လ ၁၂ ရက်နေ့က ၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးကျော်ကျော်စိုးနှင့် ဗဟိုစည်းရုံးရေး ကော်မတီဝင် ဦးဇော်ဇော်ထွန်းတို့ တက်ရောက်ခဲ့ကြပြီး၊ ကရင်လူငယ်တစ်ဦးက ပါတီ၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။

Continue Reading

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား (ပွင့်ဖြူမြို့)

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ၈-၈-၂၀၁၇ နေ့လည်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရှောက်တော၌ ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားကို ပွင့်ဖြူမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များက ဦးဆောင်ကျင်းပခဲ့ကြခြင်းဖြစ်သည်။

Continue Reading

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား (ကော့ကရိတ်မြို့)

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ၈-၈-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့ကြသည့် ကရင်ပြည်နယ်ကျောင်းသားဟောင်းများက ဦးဆောင်ကျင်းပကြခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအင်အားစုအသီးသီး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)မှပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင်က ဖတ်ကြားခဲ့ပါသည်။

Continue Reading

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား (ပြည်မြို့)

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပြည်မြို့အိုးဝေပညာဒါနကျောင်း၌ ၈-၈-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်(ပြည်ခရိုင်) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗကသများအဖွဲ့ချုပ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ ပူးပေါင်းကျင်းပကြခြင်းဖြစ်သည်။ အခမ်းအနားတက်ရောက်လာသူများက အမှတ်တရစကား ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဗဟိုစည်းရုံးရေးကော်မတီဝင် ဦးအောင်မြင့်စိန်ကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ ပါတီဌာနချုပ်မှပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါသည်။

Continue Reading

YNS နှင့် YES တို့ ပူးပေါင်းကျင်းပသည့် ၂၉ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနား

၂၉ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို လူ့ဘောင်သစ်လူငယ်(YNS)နှင့် လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်း(YES)တို့ ပူးပေါင်း၍ ၈-၈-၂၀၁၇ နေ့လည်ပိုင်းက YES ကျောင်း၌ ကျင်းပခဲ့ကြပါသည်။ အခမ်းအနားတွင် ရှစ်လေးလုံးအရေးတော်ပုံကာလနှင့် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို ဦးအောင်မိုးဇော်နှင့် ဒေါ်နိုးနိုးထက်စံတို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ လူ့ဘောင်သစ်လူငယ်များနှင့် YES ကျောင်းသားကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading