မိမိတို့တိုင်းပြည်အတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အပေါ် သဘောထား ထုတ်ပြန်ချက်(၆/၂၀၁၇)


Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကို စက်တင်ဘာ ၉ရက်နှင့် ၁၀ ရက်နေ့များတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပထမနေ့တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဗဟိုဦးဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာတို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ဗဟိုစည်းရုံးရေးကော်မတီဝင်များကလည်း ဒေသဆိုင်ရာကိစ္စရပ်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် ၂၀၁၇ ခုနှစ်လုပ်ငန်းစဉ်ဇယားနှင့် အလုပ်ပြီးစီးမှုအခြေအနေများကို တင်ပြသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လတ်တလောလုပ်ငန်းစဉ်များကို အတည်ပြုပြီး အလုပ်တာဝန်များ ခွဲဝေခဲ့ကြပါသည်။

Continue Reading

သခင်ဗဟိန်းရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီ (ရန်ကုန်)မှ ရံပုံငွေ လှူဒါန်း

သခင်ဗဟိန်းရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)မှ အခမ်းအနားကျင်းပပြီး ကျန်ရှိသည့် ရံပုံငွေကို ၃-၉-၂၀၁၇ တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ် ငြိမ်းချမ်းရေးဗိမာန်ဆောက်လုပ်ရန်အတွက်လည်းကောင်း၊ ၄-၉-၂၀၁၇ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သို့လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

Continue Reading

ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦးဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်)

ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်)ကို ၂၀၁၇၊ သြဂုတ်လ၊ ၃၀ ရက်နေ့က တက္ကသိုလ်များဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် သတ်မှတ်ချက်ဆိုင်ရာ သဘောထားများစုစည်းခြင်း၊ တကသအဆောက်အဦ၏ သမိုင်းတန်ဖိုးဆိုင်ရာ သဘောထားများစုစည်းခြင်း၊ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော အခြေခံသဘောထားများ စုစည်းခြင်းဟူသည့် ဦးတည်ချက်သုံးခုဖြင့် ဆွေးနွေးပွဲကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ၁၉၅၃ မှ ၂၀၁၇ အထိ ကျောင်းသားမျိုးဆက်များ တက်ရောက်ပြီး သဘောထားအမြင်များ တင်ပြခဲ့ကြပါသည်။ တက်ရောက်လာကြသော ကျောင်းသားမျိုးဆက်အများစုက ကျောင်းသားသမဂ္ဂ တရား ၀င်ရပ်တည်ခွင့်ရရှိရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ ထို့နောက်မှသာ သမိုင်းတန်ဖိုးများကို မပျောက်ပျက်စေဘဲ သမဂ္ဂအဆောက်အဦတည်ဆောက်ရေးကို လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် သတင်းထုတ်ပြန်ချက်တစောင်လည်း ထုတ်ပြန်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးကလည်း ၈၈ မျိုးဆက်ကျောင်းသူတစ်ယောက်အဖြစ် သဘောထားတင်ပြချက်တစ်စောင် ပေးပို့တင်ပြခဲ့ပါသည်။

Continue Reading

လက်ရှိ နိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက် (၂၉.၈.၂၀၁၇)

လက်ရှိ နိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက် (၂၉.၈.၂၀၁၇)

Continue Reading

လက်ရှိ နိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်

လက်ရှိနိုင်ငံရေးအခြေအနေအရပ်ရပ်အပေါ် အမြင်အယူအဆ သဘောထားများ ဆွေးနွေးညှိနှိုင်းပွဲတရပ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ၊ ၂၇-၂၈-၂၉ ရက်နေ့များတွင် ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ ဋ္ဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြပါသည်။
ဤဆွေးနွေးညှိနှိုင်းပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေး အမျိုးသမီးအဖွဲ့၊ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူလယ်သမားကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်(အထက်ဗမာပြည်)၊ ဥာဏ်လင်းသစ် သုတေသန စာကြည့်တိုက်၊ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့၊ လူ့ဘောင်သစ်လူငယ်၊ ၉၆-၉၈ ကျောင်းသားလှုပ်ရှားမှုမှ ကျောင်းသူ-ကျောင်း သားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်း၍ အထူးဖိတ်ကြားသူများအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ်နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုသည် ပြန့်ကျဲလျက်ရှိပြီး တိုင်းပြည်အား ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်း ညီညွတ်ရေး လမ်းကြောင်းပေါ်သို့ ခိုင်ခိုင်မာမာ သယ်ဆောင်ရောက်ရှိနိုင်ရေးအတွက် အကျပ်အတည်းများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့ နေရသည်ဟု ဆွေးနွေးညှိနှိုင်းပွဲက သုံးသပ်ကြပါသည်။
ဒီမိုကရက်တစ်အင်အားစုများအနေဖြင့် ယနေ့ကာလတွင်
(က) ဆက်စပ် စုစည်း စုဖွဲ့မှုအရလည်းကောင်း
(ခ) ၎င်းမှတဆင့် တိုးတက်သည့်ဒီမိုကရက်တစ် နိုင်ငံရေးလှုပ်ရှားမှုများ ဖေါ်ဆောင်ရာတွင်လည်းကောင်း
အရှိန်မြှင့်၍ အကောင်အထည်ဖေါ်ဆောင်ရွက်ရန် မြန်မာ့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးအခြေအနေအရပ်ရပ်က အရေးတကြီး တောင်းဆိုနေကြောင်း ယခုဆွေးနွေးပွဲတွင် သုံးသပ်ခဲ့ကြပါသည်။
ထို့ကြောင့် ဒီမိုကရက်တစ်အင်အားစု အသီးသီးအကြား ဆက်စပ်မှု၊ စုစည်းမှုများကို ပိုမို ကျယ်ပြန့်စွာ ဆက်လက် ဆောင်ရွက် သွားရန်၊ ဆက်စပ်မှုရှိရှိ စုစည်းမှုရှိရှိဖြင့် တိုးတက်သည့် ဒီမိုကရက်တစ်နိုင်ငံရေးလှုပ်ရှားမှုများ အားကောင်းစွာ ပေါ်ပေါက်လာရေး ကြိုးပမ်းသွားရန်၊ ထိုသို့ကြိုးပမ်းပြီး အကောင်အထည်ဖေါ်ကြရာ၌လည်း နိုင်ငံရေးအရ နည်းနာကြွယ်ကြွယ်၊ ခြေလှမ်းရှိရှိ၊ လက်ဦးမှုရှိရှိ ကိုယ်ပိုင်လမ်းစဉ်၊ လုပ်ငန်းစဉ်များဖြင့် ထိုးထွင်းရှေ့ဆက်သွားရန်၊ ထိုမှတဆင့် ကာလတခုတွင် တိုးတက်သည့် ဒီမိုကရက်တစ် အင်အားစုတစ်ရပ်အား အခိုင်အမာတည်ဆောက်ပြီး ယနေ့ကာလ နိုင်ငံရေးတာဝန်များကို ကြိုးပမ်းဆောင်ရွက်သွားရန် ရည်ရွယ် ထားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ။


Continue Reading

ဥပဒေပညာရှင်များနှင့် တွေ့ဆုံလျက် မြေယာပြဿနာများအတွက် အဖြေရှာ

၂၀၁၇ သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်မြောင်းရှိ လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ တွေ့ဆုံဆွေးနွေးပွဲ တရပ်ကို ပြုလုပ်ကြသည်။ ယင်းတွေ့ဆုံပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာ ကော် မတီတာဝန်ခံ ဦးသန့်စင်၊ ဦးအောင်မိုးဝင်းနှင့် လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး မစိမ့်အိစံ၊ ဥပဒေပညာရှင် ဦးမြင့်သွင်၊ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်နှင့် ဒေးဒရဲမြို့နယ်တို့မှ တောင်သူလယ်သမားများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
ထိုတွေ့ဆုံပွဲတွင် ယခု ပြဋ္ဌာန်းထားသော လယ်ယာမြေဆိုင်ရာ ဥပဒေများ၏ မပြည့်စုံမှုများကို ထောက်ပြခဲ့ကြပြီး လက် ငင်းကြုံတွေ့နေရသော မြေယာပြဿနာများကို တင်ပြဆွေးနွေးခဲ့ကြသည်။ ဖြေရှင်းရန်နည်းလမ်းများကိုလည်း ရှာဖွေ ခဲ့ကြပါသည်။

Continue Reading

တပ်သိမ်းခံမြေဧက ၃၀ဝ၀ ကျော် ပြန်လည်ရရှိရေး ဒေသခံများထံ သွားရောက်ကူညီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးအောင်မိုးဝင်း၊ လူ့ဘောင်သစ်လူငယ်အတွင်းရေး မှူး မစိမ့်အိစံတို့သည် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ကညွတ်ကွင်းအုပ်စုအတွင်းရှိ လယ်သမားရေးရာကော်မ တီဝင်ရဲဘော်များနှင့်အတူ ဒေသခံများ လယ်သမား များထံ ၂၀၁၇၊ သြဂုတ်လ၊ ၂၃ ရက်နေ့တွင် သွားရောက်၍ ဆွေး နွေးတိုင်ပင်မှုများ ဆောင်ရွက်ခဲ့ပါသည်။
သွားရောက်ဆွေးနွေးရာတွင် တပ်သိမ်းခံမြေဧက ၃၀၀၀ ကျော် ပြန်လည်ရရှိရေးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့ နယ်အတွင်း ရေမထုတ်နိုင်သည့် နန်ကသူဆည်ကြောင့် ရေဘေးသင့်နေရသော ကညွတ်ကွင်းအုပ်စု အခြေခံပညာမူ လွန်ကျောင်းအရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ဒေသခံလယ်သမားတို့အတွက် လိုအပ်သည်များကို ကူညီနိုင်ရန် ညှိနှိုင်း တိုင်ပင်ခဲ့ကြပါသည်။

Continue Reading

NNER ကိုယ်စားပြုကော်မတီအစည်းအဝေးသို့ တက်ရောက်

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားပြုကော်မတီအစည်းအဝေးကို ၂၀၁၇၊ သြဂုတ်လ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ပဲခူးကျောက်တန်းစံပြကျေးရွာရှိ ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပထမနေ့တွင် တက်ရောက်လာသည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်း ကော်မတီဝင်များက လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့်အခြေအနေများ၊ စိန်ခေါ်ချက်များ၊ ဆောင်ရွက်သင့် သည်များကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် NNER တတိယအကြိမ် ညီလာခံမှ ပြင်ဆင်ဖြည့်စွက်ထားသည့် ပညာရေးမူဝါဒများကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ ထို့နောက် ရှေ့လုပ်ငန်းစဉ်များ၊ ဒီဇင်ဘာလတွင် ထားဝယ်မြို့၌ ကျင်းပမည့် ၆ လပတ်အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များနှင့် ပဲခူးတိုင်းကွန်ရက်ဖွဲ့စည်း ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းအစည်းအဝေးသို့ ကိုယ်စားပြု ကော်မတီဝင်တစ်ဦး ဖြစ်သည့် DPNS အတွင်း ရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Continue Reading