ရလလဖ ၏ နှစ် (၇၀) မြောက် ရှမ်းပြည် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့ ဂုဏ်ပြုသဝဏ်လွှာ

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ၏ နှစ် (၇၀) မြောက် ရှမ်းပြည် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

Continue Reading

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနားတက်ရောက်

၂၀၁၉၊ ဒီဇင်ဘာ ၉။ ရန်ကုန်။ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၂၀ ပြည့်အခမ်းအနားကို ၂၀၁၉၊ ဒီဇင်ဘာ ၉ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ Inya Lake ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ WLB အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အမျိုးသမီးအသင်းအဖွဲ့များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီခေါင်းဆောင်များနှင့် လူ့ဘောင်သစ်လူငယ်များလည်း အခမ်းအနားတက်ရောက် ဂုဏ်ပြုခဲ့ကြပါသည်။ WLB တွင် တိုင်းရင်းသားအမျိုးသမီးသမဂ္ဂပေါင်း ၁၃ ခု စုပေါင်းဖွဲ့စည်းထားပြီး စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့တိုင်အောင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အမျိုးသမီးထုအခွင့်အရေး၊ လူ့အခွင့်အရေးများအတွက် စွမ်းစွမ်းတမံ ရပ်တည်တိုက်ပွဲဝင်လျက်ရှိကာ မိမိတို့ DPNS နှင့်လည်း မဟာမိတ်အဖြစ် လက်တွဲဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။

Continue Reading

ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ တက်ရောက်

၂၀၁၉၊ ဒီဇင်ဘာ ၇- ၈- ၉။ ရွာငံမြို့နယ်၊ ရှမ်းပြည်နယ်။ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက်အဖွဲ့အစည်းများ၏ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ရွာငံမြို့နယ်၊ ဗထူးခန်းမတွင် ၂၀၁၉ ဒီဇင်ဘာ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၏ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာအခြေခံမူများ(မူကြမ်း)အား ရှင်းလင်းတင်ပြခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအကြပ်အတည်း၏ ထွက်ပေါက်များ၊ အနာဂါတ်ပြည်ထောင်စုမြန်မာနိုင်ငံတွင်စံထားသင့်သည့် စံနှုန်းများနှင့် State Building and Nation Building အကြောင်းများအား ပညာရှင်အသီးသီးက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးနှင့် ဒေသခံပြည်သူ ၂၅၀ ခန့်တက်ရောက်ဆွေးနွေးခဲ့ပါသည်။လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်၍ DPNS ၏ အခြေခံနိုင်ငံရေးအယူအဆနှင့် တန်ဖိုးထားမှုများတွင်ပါဝင်သည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာအမြင်များကို ဦးဆောင်ဆွေးနွေးပေးခဲ့ပါသည်။ ဓာတ်ပုံ – UNA […]

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉) (RFA)

RFA နေ့လယ်ခင်းသတင်း ——————————- ” နိုင်ငံသားများနှင့်ပတ်သက်လျှင် တာဝန်သိသိ တာဝန်ရှိရှိ ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်အတွက် ဂုဏ်သိက္ခာရှိပါလိမ့်မည် “ လွန်ခဲ့သည့် နိုဝင်ဘာလဆန်းတွင် ဂမ်ဘီယာနိုင်ငံက နိုင်ငံချင်းချင်း စွဲဆိုနိုင်သည့် “လူမျိုးတုန်းသတ်ဖြတ်ခြင်းဆိုင်ရာ သဘောတူညီချက် ဖောက်ဖျက်မှု” ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး၌ မြန်မာနိုင်ငံကို စွဲချက်တင်လိုက်ကြောင်း ကြားသိရပါသည်။ အဆိုပါအမှုကို တရားရင်ဆိုင်ရန် နယ်သာလန်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လာမည့် ဒီဇင်ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင် မြန်မာနိုင်ငံက သွားရောက်စစ်ဆေးခံရမည်ဖြစ်ကြောင်း ကြားသိရပါသည်။ မိမိတို့မြန်မာနိုင်ငံမှ တာဝန်ရှိသူတစ်ဦးအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွားရောက်စစ်ဆေးခံ၊ တရားရင်ဆိုင်မည်ဟုလည်း သိရပါသည်။ ထူးထူးခြားခြားဆိုသကဲ့သို့ နိုင်ငံနှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာထိခိုက်ရမှုအတွက် တာဝန်ရှိသည်အတိုင်း သွားရောက်စစ်ဆေးခံ အမှုရင်ဆိုင်မည့်သူအား ချီးကျူး၊ ချီးမွမ်းမှုများလည်း ကြားနေရပါသည်။ မည်သို့ဆိုစေ အပြည်ပြည်ဆိုင်ရာတရားရုံး၏ […]

Continue Reading

အင်ဒိုနီးရှားနိုင်ငံ Nasdam ပါတီနိုင်ငံရေးသင်တန်းကျောင်းသို့ သွားရောက်လေ့လာ

၂၀၁၉၊ ဒီဇင်ဘာ ၅။ အင်ဒိုနီးရှား။ အင်ဒိုနီးရှားနိုင်ငံ Nasdam ပါတီက ဖွင့်လှစ်ထားသည့် နိုင်ငံရေးသင်တန်းကျောင်းသို့ DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်အပါအဝင် SocDem Asia အဖွဲ့ဝင်များ သွားရောက်လေ့လာခဲ့ပါသည်။၎င်းသင်တန်းကျောင်းတွင် သင်တန်းအပတ်စဉ်တခုလျှင် သုံးလ ကြာမြင့်ပြီး အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ ပါတီကေဒါပေါင်း ၆၀ဝ တက်ရောက်ကြောင်း လေ့လာသိရှိရပါသည်။

Continue Reading

SocDem Asia အစည်းအဝေး တက်ရောက်

၂၀၁၉၊ ၃- ၄- ၅ ဒီဇင်ဘာ။ ဂျကာတာမြို့၊ အင်ဒိုနီးရှားနိုင်ငံ။ SocDem Asia က စီစဉ်ပြုလုပ်သည့် လူမှုတရားမျှတရေးအတွက် အားလုံးပါဝင်သည့် မူဝါဒ ဖော်ဆောင်နိုင်ရေး ဆွေးနွေးပွဲကို ၂၀၁၉၊ ဒီဇင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပြုလုပ်ခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံမှ NasDem ပါတီက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။ ၎င်းအစည်းအဝေးသို့ မြန်မာ၊ ထိုင်း၊ ဒိန်းမတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ နီပေါနိုင်ငံတို့မှ SocDem Asia အဖွဲ့ဝင် ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉)

” နိုင်ငံသားများနှင့်ပတ်သက်လျှင် တာဝန်သိသိ တာဝန်ရှိရှိ ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်အတွက် ဂုဏ်သိက္ခာရှိပါလိမ့်မည် “ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉) လွန်ခဲ့သည့် နိုဝင်ဘာလဆန်းတွင် ဂမ်ဘီယာနိုင်ငံက နိုင်ငံချင်းချင်း စွဲဆိုနိုင်သည့် “လူမျိုးတုန်းသတ်ဖြတ်ခြင်းဆိုင်ရာ သဘောတူညီချက် ဖောက်ဖျက်မှု” ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး၌ မြန်မာနိုင်ငံကို စွဲချက်တင်လိုက်ကြောင်း ကြားသိရပါသည်။ အဆိုပါအမှုကို တရားရင်ဆိုင်ရန် နယ်သာလန်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လာမည့် ဒီဇင်ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင် မြန်မာနိုင်ငံက သွားရောက်စစ်ဆေးခံရမည်ဖြစ်ကြောင်း ကြားသိရပါသည်။ မိမိတို့မြန်မာနိုင်ငံမှ တာဝန်ရှိသူတစ်ဦးအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွားရောက်စစ်ဆေးခံ၊ တရားရင်ဆိုင်မည်ဟုလည်း သိရပါသည်။ ထူးထူးခြားခြားဆိုသကဲ့သို့ နိုင်ငံနှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာထိခိုက်ရမှုအတွက် တာဝန်ရှိသည်အတိုင်း သွားရောက်စစ်ဆေးခံ အမှုရင်ဆိုင်မည့်သူအား ချီးကျူး၊ ချီးမွမ်းမှုများလည်း ကြားနေရပါသည်။ မည်သို့ဆိုစေ […]

Continue Reading

ပါတီစည်းရုံးရေးမှူးသင်တန်း (၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနား

၂၀၁၉၊ နိုဝင်ဘာ ၂၅။ ဌာနချုပ်ရုံး။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း အမှတ်စဉ် ၂/၂၀၁၉ ဖွင့်ပွဲကို ၂၀၁၉၊ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ လူထုအတွင်းစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ထက်မြက်တက်ကြွခိုင်မာသည့် ပါတီစည်းရုံးရေးမှူးကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ပြီး စည်းရုံးရေးမှူးသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပါတီခေါင်းဆောင်များက သင်တန်းသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။ ထို့ပြင် မဟာမိတ်အဖွဲ့အစည်းများဖြစ်ကြသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်၊ ကရင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုတို့ တက်ရောက်အားပေး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။

Continue Reading

SocDem Asia အစည်းအဝေး တက်ရောက်

၂၀၁၉၊ နိုဝင်ဘာ ၂၄-၂၅။ ဘန်ကောက်။ SocDem Asia အစည်းအဝေးကို ၂၀၁၉၊ နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့ပါသည်။ မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ဆွီဒင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ SocDem Asia အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြရာ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့၏ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။တက်ရောက်လာသည့် ကိုယ်စားလှယ်များက မိမိတို့နိုင်ငံအသီးသီး၏ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ လက်ရှိအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

Continue Reading