ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ( PLF ) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ စစ် (၃) စစ် အမြစ်ပြတ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသော ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (PLF) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားသို့ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူစွာဖြင့် သဝဏ်လွှာ ပေးပို့အပ်ပါသည်။ار ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF) သည် အထက်ပါ အခြေခံမူများကို ကိုင်စွဲ၍ ဧရာဝတီဒေသတွင်းရှိ ကျောင်းသား လူငယ်များ၊ ဝန်ထမ်း အလုပ်သမားနှင့် လယ်သမားများကို စုရုံးစုစည်းကာ တိုက်ပွဲဝင်ခဲ့သည့် ၃ နှစ်တာ ကာလအတွင်းတွင် မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များမှ မသွေဖည် မယိမ်းယိုင်ဘဲ ကြံ့ကြံ့ခံ တိုက်ပွဲဝင် လျက် […]

Continue Reading

ဇွန် ၆ – အလုပ်သမားတိုက်ပွဲ နှစ် ( ၅၀ ) ပြည့် သဘောထားထုတ်ပြန်ချက် ( ၂/၂၀၂၄ )

ဇွန် ၆ – အလုပ်သမားတိုက်ပွဲ နှစ် (၅ဝ) ပြည့် သဘောထားထုတ်ပြန်ချက် ( ၂ / ၂၀၂၄ ) ၁။ ယနေ့ (၆၊ ၆၊ ၂ဝ၂၄) သည် သမိုင်းဝင် “ဇွန် ၆” အလုပ်သမားတိုက်ပွဲကြီး၏ နှစ် (၅၀) ပြည့်မြောက်သောနေ့ ဖြစ်သည်။ ၂။ လွန်ခဲ့သော နှစ် (၅၀) က အခြေခံဥပဒေအကာအကွယ်ဖြင့် မဆလခေါင်းဆောင်းထားသည့် စစ်အုပ်စု၏ ဘီလူး ခေါင်း အစစ်အမှန်ကို အလုပ်သမားထုက သွေးမြေကျ တိုက်ပွဲဝင်၍ ဆွဲချွတ်ခဲ့ကြသည်။ ၃။ ၁၉၇၄၊ မတ်လ ၂၅ မန္တလေး-ပလိပ် ချည်မြှင်နှင့် အထည်စက်မှ စတင်သည့် အလုပ်သမားဆန္ဒပြမှုများကို တရားမဲ့ ဖမ်းဆီး နှိမ်နင်းခံရသဖြင့် ဆက်တိုက် […]

Continue Reading

ကယန်းအမျိုးသားတော်လှန်ရေး နှစ် (၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

ကယန်းအမျိုးသားတော်လှန်ရေး နှစ် (၆ဝ) ပြည့် အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၄၊ ၆၊ ၂ဝ၂၄) ကျရောက်သည့် ကယန်းအမျိုးသားတို့၏ လက်နက်ကိုင်တော်လှန်ရေး နှစ် (၆၀) ပြည့် အခါ သမယ၌ ကယန်းပြည်သစ်ပါတီနှင့် ကယန်းပြည်သစ်တပ်မတော် ခေါင်းဆောင်များနှင့်တကွ ရဲဘော်အပေါင်းတို့ ဝမ်းမြောက် ရွှင်လန်း ရှိကြပါစေကြောင်း ဆန္ဒအမွန် ပြုပါသည်။ကယန်းအမျိုးသားပြည်သူတို့၏ လက်နက်ကိုင်တော်လှန်ရေးအတွင်း အသက် သွေး ချွေးတို့ ပေးဆပ် တိုက်ပွဲဝင်ခဲ့ ကြသည့် ကယန်းအမျိုးသားအာဇာနည်အပေါင်းအားလည်း အလေးအမြတ် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ ၂။ ကယန်းပြည်သစ်ပါတီနှင့် ကယန်းပြည်သစ်တပ်မတော်တို့သည် ကယန်းအမျိုးသားပြည်သူတို့၏ မွေးရာပါ အခြေခံရပိုင်ခွင့်များအတွက်သာမက လူမျိုးစုံ ဗမာပြည်သူတရပ်လုံးအတွက် စစ်အာဏာရှင်အဆက်ဆက်အား ဂုဏ် ပြောင်စွာ ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ တိုက်ပွဲဝင်လျက် ရှိသည်ကို […]

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ၏ နာယကကြီး ဦးတင်ဦး ဆုံးပါးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဝမ်းနည်းကြောင်းသဝဏ်လွှာ ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နာယကကြီး ဦးတင်ဦး (၁၊ ၆၊ ၂၀၂၄) နေ့က ကွယ်လွန်ကြောင်း ကြားသိ ရပါသည်။၂။ ဦးတင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင်တည်ထောင်ခဲ့သူတဦး ဖြစ်သကဲ့သို့ ဥက္ကဋ္ဌတာဝန် ကို (၂၂၊ ၁၂၊ ၁၉၈၉) အထိ တာဝန်ယူခဲ့သူ ဖြစ်သည်။ ၁၉၈၈ လူထုအရေးတော်ပုံကြီးကာလမှ စတင်လျက် ပြည်သူလူ ထုဘက်သား နိုင်ငံရေးသမားတဦးအဖြစ် ကွယ်လွန်ချိန်အထိ ဖြောင့်မှန် တည်ကြည်စွာ ရပ်တည်ခဲ့သူတဦးလည်း ဖြစ် ပေသည်။၃။ မိမိတို့ ပါတီအနေဖြင့် ဦးတင်ဦးကွယ်လွန်မှုအတွက် ကျန်ရစ်သူမိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဘက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီဝင်များနည်းတူ စာနာ ဝမ်းနည်းရပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)၂ဝ၂၄ ခုနှစ်၊ […]

Continue Reading

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ် ( ABFSU ) တည်ထောင်ခြင်း ၈၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) တည်ထောင်ခြင်း ၈၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၈၊ ၅၊ ၂ဝ၂၄) သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ် – ABFSU) စတင် တည်ထောင်ခဲ့သည့် ၈၈ နှစ် ပြည့်မြောက်သောနေ့ ဖြစ်သည်။၂။ ဗကသများအဖွဲ့ချုပ်သည် ဗမာပြည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ လိုအပ်ချက်အရ ကျောင်းသား အဖွဲ့အစည်းသက်သက်မျှ မဟုတ်ဘဲ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးတာဝန်များကို အကျေအပွန် ထမ်း ဆောင်ခဲ့သည့် နိုင်ငံရေးအင်အားစုတရပ် ဖြစ်ခဲ့သည်။ ထိုမျှမက ကိုလိုနီဆန့်ကျင်ရေး တိုက်ပွဲကာလမှ စတင်လျက် ယနေ့ကာလအထိ နိုင်ငံရေးအင်အားစုအားလုံးတွင် သက်တမ်းအရှည်ကြာဆုံး အဖွဲ့အစည်း ဖြစ်သည်။ဗကသများအဖွဲ့ချုပ်၏ မှန်ကန်သော ရပ်တည်ချက်နှင့် လမ်းစဉ်တို့ကြောင့် ဤမျှ သက်တမ်းရှည်စွာ ရပ်တည်နိုင်ခဲ့ ခြင်း […]

Continue Reading

၁၃၄ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

၁၃၄ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၁၊ ၅၊ ၂ဝ၂၄) သည် အလုပ်သမားထု၏ တိုက်ပွဲသမိုင်း၌ အထင်ကရ အရေးပါလှသော မေဒေးနေ့ ၁၃၄ ကြိမ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ဤနေ့တွင် တရားမျှတရေးနှင့် မိမိတို့ လူတန်းစားဘဝ လွတ်မြောက်ရေးတို့ အတွက် အသက်၊ သွေး၊ ချွေးများရင်း၍ သမိုင်းစဉ်တလျှောက် ဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံတကာနှင့် မိမိတို့နိုင်ငံမှ အလုပ်သမားထုကြီးအား မိမိတို့ပါတီက ဦးညွတ် ဂုဏ်ပြုအပ်ပါသည်။၂။ တပတ်လျှင် နာရီ ၄၀ အလုပ်ချိန်အားဖြင့် တည်ဆဲ စားဝတ်နေမှုဘဝကုန်ကျစရိတ် ဖူလုံစွာရရှိနိုင်ရေး ဟူ သော မေဒေးရလဒ်ကိုမျှ ပြည့်ဝစွာ မခံစားကြရသေးသော မိမိတို့ မြန်မာ့အလုပ်သမားထုမှာ ရသင့်ရထိုက်သည့် ဂုဏ်သိက္ခာနှင့် […]

Continue Reading

ကျောင်းသားလက်ရုံးတပ်မတော်( SAF ) တည်ထောင်ခြင်း ( ၃ ) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ကျောင်းသားလက်ရုံးတပ်မတော် (SAF) တည်ထောင်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ ၁။ကျောင်းသားလက်ရုံးတပ်မတော် (SAF) စတင် တည်ထောင် တိုက်ပွဲဝင်ခဲ့သည်မှာ ယနေ့ (၂၇၊ ၄၊ ၂၀၂၄) တွင် ၃ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။၂။ ၃ နှစ်တာကာလ တိုက်ပွဲ ဖြတ်သန်းမှုအတွင်း နွေဦးတော်လှန်ရေး တော်လှန်တိုက်ပွဲ အင်အားစုတရပ် အဖြစ် ကြံ့ကြံ့ခံ တိုက်ပွဲဝင်နိုင်ခဲ့မှုကိုလည်းကောင်း၊ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ တိုက်ပွဲ ဖော် မိတ်ဆွေကောင်း အင်အားစုတရပ်အဖြစ် ရပ်ခံ ဆောင်ရွက်ခဲ့မှု အဝဝကိုလည်းကောင်း မိမိတို့ပါတီက ဝမ်းမြောက် ဂုဏ်ယူမှု အပြည့်ဖြင့် မှတ်တမ်းတင်အပ်ပါသည်။၃။ မိမိတို့ပါတီအနေဖြင့် ရှေ့တွင် ဆက်လက် တိုက်ပွဲဆင်နွှဲရန် ကျန်ရှိနေသည့် နွေဦးတော်လှန်ရေး၏ နိုင်ငံရေးမျှော်မှန်းချက်များ ပြည့်မြောက် […]

Continue Reading

ကရင်နီပြည် လူငယ်များသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း ( ၁၇ ) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ကရင်နီပြည် လူငယ်များသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း (၁၇) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ၁။ ကရင်နီပြည် လူငယ်များသမဂ္ဂ စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ (၂၁၊ ၄၊ ၂ဝ၂၄) တွင် ၁၇ နှစ် ပြည့် မြောက်ပြီ ဖြစ်သည်။၂။ Kayah State Youth မှသည် Union of Kareni State Youth (UKSY) အဖြစ် ၁၇ နှစ်တာ ကာလတလျှောက် လူမျိုးစုံပြည်သူတို့အတွက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အာမခံချက်ရှိရေး၊ လူတန်းစားခွဲခြားမှု ကို ဆန့်ကျင်တွန်းလှန်ရေး၊ နိုင်ငံ့အရေးနှင့် ဒေသအရေးကိစ္စများ၌ ဆုံးဖြတ်ချက် ချနိုင်သော အခန်းကဏ္ဍများတွင် လူငယ်များ ပိုမိုပါဝင်ခွင့် ရရှိရေး၊ ပြည်တွင်း – […]

Continue Reading