ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ၏ ပဉ္စမအကြိမ်ညီလာခံသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

၁။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏မိတ်ဆွေ တိုက်ပွဲဖော် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC)၏ ပဉ္စမအကြိမ်ညီလာခံကြီး ချောမော အောင်မြင်ပါစေကြောင်း ဆန္ဒအမွန် ပြုအပ်ပါသည်။
၂။ မိတ်ဆွေတို့အစည်းအရုံး၏ ပဉ္စမအကြိမ်မြောက် ညီလာခံကို ယခုကဲ့သို့ နွေဦးတော်လှန်ရေးတိုက်ပွဲ ကာလအတွင်း အရအမိ ကျင်းပခြင်းအားဖြင့် အစည်းအရုံးအတွက် ပိုမိုအားကောင်း ကြံ့ခိုင်သည့် ခေါင်း ဆောင်မှုနှင့် မူဝါဒ လမ်းညွှန်များ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များ ဖေါ်ထုတ်ရရှိကာ တိုက်ပွဲအတွင်း တအားသစ် လျက် လူမျိုးစုံဗမာပြည်သူများအတွက် နိုင်ငံရေးရလဒ်ကောင်းများကို ဆောင်ကျဉ်းနိုင်ကြလိမ့်မည်ဟု မိမိတို့ ပါတီက ယုံကြည် မျှော်လင့်မိပါသည်။
၃။ မိတ်ဆွေတို့၏ AASYC သည် စတင် တည်ထောင်ခဲ့သော ၁၉၉၅ ခုနှစ်မှသည် ယနေ့ နွေဦးတော်လှန်ရေး တိုက်ပွဲအထိတိုင် စစ်ရေး၊ နိုင်ငံရေး အချိုးအကွေ့ အလှည့်အပြောင်းများစွာကို ဖြတ်သန်းလျက် စစ်အာဏာ ရှင်စနစ်ဖျက်သိမ်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေးတို့အတွက် စိုက်လိုက်မတ်တတ် အားထုတ်ကြိုးပမ်းခဲ့သည်ကို ရခိုင်အမျိုးသားပြည်သူများ၊ ဗမာပြည် လူမျိုးစုံပြည်သူများနှင့်အတူ မိမိတို့ ပါတီအနေဖြင့် လေးစားဂုဏ်ယူစွာ အသိအမှတ်ပြုပါကြောင်းလည်း ဖော်ပြအပ်ပါသည်။
၄။ မိတ်ဆွေတို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) နှင့် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအကြားရှိ မိတ်ရင်းဆွေမွန်ဆက်ဆံရေးကို မြဲမြံခိုင်ခံ့စေလျက် နွေဦးတော် လှန်ရေး၏ နိုင်ငံရေးရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်သည်အထိ ရခိုင်အမျိုးသားပြည်သူများ၊ ဗမာပြည် လူမျိုးစုံပြည်သူများနှင့်အတူ လက်တွဲ တိုက်ပွဲဝင်သွားနိုင်ကြမည်ဟု လေးလေးနက်နက် ယုံကြည် ပါကြောင်း ဖော်ပြရင်း မိတ်ဆွေတို့အစည်းအရုံး၏ ပဉ္စမအကြိမ်မြောက်ညီလာခံအား ဝမ်းမြောက် လှိုက်လှဲစွာ ကြိုဆိုလျက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂ဝ၂၅ ခုနှစ်၊ ဇွန်လ၊ ၁ ရက်။