ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

July 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဒေါ်နိုးနိုးထက်စံဒု-ဥက္ကဋ္ဌ

မြန်မာနိုင်ငံဟာအနှစ်သာရရှိတဲ့ ဒီမိုကရက်ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့(၁)လက်နက်ကိုင် ပဋိပက္ခကိုချုပ်ငြိမ်းပေးနိုင်တယ်(၂)အချက်ကတန်းတူရေးကိုဖော်ဆောင်ပေးနိုင်တယ် (၃)အချက်ကသွေးစည်းညီညွတ်ရေးကိုဖော်ဆောင်ပေးနိုင်တယ် နောက်ဆုံးအချက်ကတော့ ကျမတို့လိုလားတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်တာဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့က ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု လို့ပြောတဲ့အခါမှာလဲ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက ရှင်းရှင်းလင်းလင်းရှိဖို့ လိုတယ်အဲ့လိုရှင်းရှင်းလင်းလင်းရှိဖို့ဆိုတာကတော့ ဆွေးနွေးရမှာဖြစ်တယ် အဲ့လိုဆွေးနွေးတဲ့အခါမှာတော့ ဂတိကဝတ်တွေကို ယုံကြည်မူရှိရှိနဲ့ တည်ဆောက်တာ ဖော်ဆောင်လုပ်ဖို့ လိုတယ်အဲ့တာက ဒီမိုကရက်ဖက်ဒရယ်ပြည်ထောင်စုရဲ့အနှစ်သာရ အက္ခရာကျတဲ့ကိစ္စရပ်ဖြစ်တယ်။ဒေါ်နိုးနိုးထက်စံဒု-ဥက္ကဋ္ဌလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား

ဦးအောင်မိုးဇော်ဥက္ကဋ္ဌ

”လွတ်လပ်မှု ၊ တန်းတူမှု ၊ သွေးစည်းညီညွတ်မှု” ဆိုတဲ့ နိုင်ငံရေးတန်ဖိုးတွေက ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ က အသေအချာကိုဆုပ်ကိုင်ပြီးတန်ဖိုးထားတဲ့ တန်ဖိုးတွေဖြစ်ပါတယ်။လွတ်လပ်မှု ရှိမှ တန်းတူမှုရှိမှ ကျွန်တော်တို့တောင်းဆိုနေတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းကို တည်ဆောက်သွား နိုင်မှာဖြစ်သလို လွတ်လပ်မှုမဲ့ရင် တန်းတူမှုမဲ့ရင် ကျွန်တော်တို့တောင်းဆိုနေတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်း ဆိုတာကလည်းဘဲ အဓိပ္ပါယ်မဲ့မှာဖြစ်ပါတယ်။ဒီလိုလွတ်လပ်မှုတွေ ဒီလိုတန်းတူညီတူရှိမှုတွေကို ရရှိခံစားနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် သွေးစည်းညီညွတ်ပြီးတော့ အတူတကွတိုက်ပွဲဝင်ကြရမယ် ၊ အတူတကွရုန်းကန်ကြရမယ်ဖြစ်တယ်လို့ ကျွန်တော်တို့အခိုင်အမာ ယုံကြည်ပါတယ်။ဦးအောင်မိုးဇော်ဥက္ကဋ္ဌလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ