သြစတြေးလျလေဘာပါတီက ကြီးမှူးပြုလုပ်သော အမျိုးသမီးကိုယ်စားလှယ်လောင်းများဆိုင်ရာ သင်တန်း တက်ရောက်

သြစတြေးလျနိုင်ငံ၊ ကဲန်းမြို့တွင် သြစတြေးလျလေဘာပါတီက အိမ်ရှင်အဖြစ် ကြီးမှူးပြုလုပ်သော အမျိုးသမီးကိုယ်စားလှယ်လောင်းများဆိုင်ရာသင်တန်းကို ၂၀၁၉၊ ဇွန်လ ၆ ရက်မှ ၇ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းအစီအစဉ်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဒု ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခင်စော ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးတို့ တက်ရောက်ခဲ့ကြပါသည်။ ထိုသင်တန်းတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် နန်းခင်စောက ရွေးကောက်ပွဲအတွေ့အကြုံများအားလည်းကောင်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက “ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက Empowering Women- what more can we? ခေါင်းစဉ်ဖြင့်လည်းကောင်း အမျိုးသမီးကိုယ်စားလှယ်လောင်းဆိုင်ရာ အမြင်သဘောထားများအား တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသို့ သြစတြေးလျ လေဘာပါတီ နှင့် […]

Continue Reading

နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး နယ်ပယ်က တပ်မတော် ဆုတ်ခွာမလား (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၆၊ ၂၀၁၉ တပ်မတော်သည် တိုင်းပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး နယ်ပယ်များ၌ ဆုပ်ကိုင် ပတ်သက်နေမှုများမှ အမြန်ဆုံး ဆုတ်ခွာပြီး နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး၊ ကာကွယ်ရေး တာဝန်ကို နိုင်ငံတော် အစိုးရလက်အောက်တွင် ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်ရန် အတွက် နိုင်ငံရေးပါတီများ အပါအဝင် အဖွဲ့အစည်းပေါင်း ၁၂၂ ဖွဲ့က ဇွန် ၂ ရက်နေ့တွင် သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ယခုတပတ် Dateline Irrawaddy အစီအစဉ်တွင် ထိုသဘောထား ကြေညာချက် ပူးပေါင်းထုတ်ပြန်ခဲ့သော အဖွဲ့များထဲမှ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) မှ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေး၊ ပြည်ထောင်စု ရှေ့နေများနှင့် […]

Continue Reading

၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှု ၄၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား တက်ရောက်

၄၅ နှစ်မြောက် မဆလ စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျ စားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ကိုကိုးကျွန်းပြန်နိုင်ငံရေးရဲဘော်များ၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗကသများအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အစရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။ ဓာတ်ပုံ- ကိုထွန်းဝင်းငြိမ်း နှင့် ဧရာဝတီသတင်းဌာန

Continue Reading

ရွေးကောက်ပွဲများတွင် လူမှုကွန်ရက်အား အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

(၆၊ ၆၊ ၂၀၁၈။ ရန်ကုန်) DIPD က စီစဉ်ကျင်းပသည့် ရွေးကောက်ပွဲများတွင် လူမှုကွန်ရက်အား ထိရောက်စွာနှင့် တာဝန်ယူမှုရှိစွာ အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇွန်လ ၆ ရက်မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့၊ Green Hill ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၂၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် မအေးမြတ်သန္တာတို့လည်း တက်ရောက်ခဲ့ကြပါသည်။

Continue Reading

“ဥဒါန်း ဘယ်မကြေစရာ” အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိရေးအတွက် အမြန်ဆုံး ဖြေရှင်းပါ

(၆၊ ၆၊ ၂၀၁၉) Alpha ဘိလပ်မြေစက်ရုံအရေး ဆန့်ကျင်ဆန္ဒပြကြတဲ့ ဒေသခံအောင်သပြေရွာသားတွေကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုတွေရဲ့နောက်ဆက်တွဲဖြစ်ရပ်မှာ လူ့အသက်ဆုံးရှုံးသည်အထိ ဖြစ်ခဲ့ရပါပြီ။ အောင်သပြေရွာသား၊ လက်သမားဆရာကိုထွန်းမြင့်ဝင်းဟာ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ဇွန် ၅ ရက်၊ မနက် ၅းဝ၀ နာရီမှာ သေဆုံးခဲ့ပါတယ်။ အရက်ကြောင်ရောဂါကြောင့်လို့ တာဝန်ရှိအာဏာပိုင်တွေကပြောဆိုပေမယ့် ခန္ဓာကိုယ်ပေါ်မှာ ညှဉ်းပမ်းနှိပ်စက် ရိုက်နှက်ထားတဲ့ဒဏ်ရာတွေ တွေ့ တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အာဏာပိုင်တွေ ပြောကြားတဲ့ရောဂါအမျိုးအစားဟာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုတော့ ဆေးသိပ္ပံပညာက တိတိကျကျ သိနိုင်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့မေ ၁၅ ရက်နေ့က အောင်သပြေရွာသားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတဲ့ ဖြစ်စဉ်အပြီးမှာဆက်တိုက် ဖြစ်ပွါးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။ ရဲအင်အားအများအပြားသုံးပြီး အောင်သပြေရွာ အဝင်အထွက်ကို ပိတ်ဆို့ထားပါတယ်။ နာမည်ကျော် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင်၊ […]

Continue Reading

ဇွန် ၆ အလုပ်သမားတိုက်ပွဲ (၄၅) နှစ်မြောက် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဇွန် ၆ အလုပ်သမားတိုက်ပွဲ (၄၅) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

Continue Reading

Asia Pacific Campaign Forum တက်ရောက်

သြစတြေးလျနိုင်ငံ လေဘာပါတီ နိုင်ငံတကာဆက်ဆံရေးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော Asia Pacific Campaign Forum ကို ၂၀၁၉၊ ဇွန်လ၊ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကဲန်းမြို့တွင် နှစ်ရက်တာကျင်းပခဲ့ပါသည်။ သြစတြေးလျနိုင်ငံ လေဘာပါတီ နိုင်ငံတကာဆက်ဆံရေးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော Asia Pacific Campaign Forum ကို ၂၀၁၉၊ ဇွန်လ၊ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကဲန်းမြို့တွင် နှစ်ရက်တာကျင်းပခဲ့ပါသည်။ထိုဆွေးနွေးပွဲသို့ အိန္ဒိယ၊ အရှေ့တီမော၊ ပါပူဝါနယူးဂီနီ၊ နယူးဇီလန်၊ အင်ဒိုနီးရှား၊ သြစတြေးလျနိုင်ငံတို့မှ မိတ်ဖက်နိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂများ တက်ရောက်ခဲ့ကြပြီး မိမိတို့ အဖွဲ့အစည်းများအား မိတ်ဆက်ခြင်း၊ နိုင်ငံတခုချင်းစီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးလှုပ်ရှားမှု အတွေ့အကြုံများအား ဖလှယ်ခြင်း၊ အောင်နိုင်ရေးမဟာဗျူဟာများ စုပေါင်းလေ့လာခြင်းတို့ ပြုလုပ်ခဲ့ပါသည်။၎င်းဖိုရမ်သို့ […]

Continue Reading

“ဥဒါန်း ဘယ်မကြေစရာ” အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိရေးအတွက် အမြန်ဆုံး ဖြေရှင်းပါ

ဇွန် ၆၊ ၂၀၁၉ “ဥဒါန်း ဘယ်မကြေစရာ” အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိရေးအတွက် အမြန်ဆုံး ဖြေရှင်းပါ [လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် – ၃/၂၀၁၉]

Continue Reading

မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ကြေညာပေးရန် နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀ဝ ကျော် တောင်းဆို

Daily ELEVEN Newspaper (5-6-2019) ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ကြေညာပေးရန် နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀ဝ ကျော်က ဇွန် ၂ ရက်တွင် ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက်က “ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သော နိုင်ငံရေးစကားဝိုင်းတွင် နိုင်င်္ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀ဝ ကျော်တို့က ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ကာ ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ရခိုင်အမျိုးသားများအပါအဝင် တိုင်းရင်းသားများက စစ်ရေးအရ တိုက်ခိုက်နေရခြင်းသည် ဒီမိုကရေစီရေး၊ တန်းတူအခွင့်အရေး ရရှိရေးအတွက် ခုခံတော်လှန်နေကြသော နိုင်ငံရေးပြဿနာများကြောင့်သာဖြစ်ပြီး တိုက်ပွဲများရပ်တန့်ရေးအတွက် အင်အားကြီးသည့် တပ်မတော်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ […]

Continue Reading

ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲ မီဒီယာဖော်ပြချက်များ

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၇၊ ၆၊ ၂၀၁၉ ရက်နေ့မှ ၂၁၊ ၆၊ ၂၀၁၉ ရက်နေ့အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ် များသို့ ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ဆိုင်ရာ ကိစ္စရပ်များကို အမြင်သဘောထားဖလှယ်မှုများ၊ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်းခရီးစဉ်မှ တွေ့ရှိချက်များအား ၂၇၊ ၆၊ ၂၀၁၉ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ပုံနှိပ်သတင်းမီယာများတွင် သတင်းစာ ရှင်းလင်းပွဲအကြောင်း […]

Continue Reading