
ဇွန်၊ ၁၈၊ ၂၀၁၉။ စစ်တွေမြို့။
“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ၂၀၁၉၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်းကောင်း၊ “စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ၂၀၁၉၊ ဇွန်လ ၂ ရက်နေ့တွင်လည်းကောင်း ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီ(DPNS)၊ လူ့ဘောင်သစ်လူငယ်(YNS)၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမျာအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ် ၁၄ ဦး ပါဝင်သည့်အဖွဲ့သည် ဇွန်လ ၁၇ ရက်နေ့မှ ၂၁