ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် ရာပြည့်အကြိုအခမ်းအနား တက်ရောက်

(၉၊ ၆၊ ၂၀၁၉။ ရန်ကုန်။) ပြည်သူ့စာဆို ဆရာဗန်းမော်တင်အောင် ရာပြည့်အကြို အခမ်းအနားကို ၂၀၁၉၊ ဇွန်လ၊ ၉ ရက်နေ့က ရန်ကုန်မြို့၊ စာပေဗိမာန်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆရာဗန်းမော်တင်အောင် ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီက စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။ ဆရာဗန်းမော်တင်အောင်၏ မိသားစုဝင်များ၊ စာပေနှင့်နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ဆရာ့အား ချစ်ခင်လေးစားကြသူများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ခရစ်ယာန်သင်းအုပ်ဆရာတော် ဦးကျော်ညွန့်၊ ကိုကိုးကျွန်းပြန်နိုင်ငံရေး ရဲဘော်များကိုယ်စား ဦးကျော်စိုး၊ ဗန်းမော်တင်အောင်ရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီကိုယ်စား ဆရာကိုလေးမြတ်၊ ရာပြည့်အထိမ်းအမှတ် ဗိမာန်ဆောက်လုပ်ရေးကော်မတီကိုယ်စား ကိုရန်ပိုင်စိုး၊ သားဖြစ်သူ ဦးဗဟိန်းအောင်တို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြသည်။ ဆရာဦးအံ့မောင်၏ ကဗျာကို ဆရာမိုဃ်းဇော်က ရွတ်ဆိုဂုဏ်ပြုခဲ့ပါသည်။ဆရာဗန်းမော်တင်အောင်သည် ဂျပန်တော်လှန်ရေးကာလမှစတင်၍ မြန်မာ့လွတ်လပ်ရေး၊ ဖက်ဆစ်နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအတွက် စာပေလက်နက်ဖြင့် ဆက်လက်တိုက်ပွဲဝင်ခဲ့သူ […]

Continue Reading