ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲ မီဒီယာဖော်ပြချက်များ

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၇၊ ၆၊ ၂၀၁၉ ရက်နေ့မှ ၂၁၊ ၆၊ ၂၀၁၉ ရက်နေ့အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ် များသို့ ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ဆိုင်ရာ ကိစ္စရပ်များကို အမြင်သဘောထားဖလှယ်မှုများ၊ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်းခရီးစဉ်မှ တွေ့ရှိချက်များအား ၂၇၊ ၆၊ ၂၀၁၉ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ပုံနှိပ်သတင်းမီယာများတွင် သတင်းစာ ရှင်းလင်းပွဲအကြောင်း […]

Continue Reading

AA အဖွဲ့ကို တန်းတူဆွေးနွေးခွင့်ပြုပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရန် လိုအပ်သည်ဟု ဆို

ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် သဘောထားကြီးစွာထားပြီး AA အဖွဲ့ကို တန်းတူအသိအမှတ်ပြုကာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးသင့်ကြောင်း ရခိုင်ဒေသခံဖြစ်သူ ဝံလက် ဖောင်ဒေးရှင်း(ရခိုင်ပြည်)၏ အမှုဆောင်ဒါရိုက်တာ ခိုင်ကောင်းစံက ဇွန် ၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်၊ စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ဟူသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ ယင်းနိုင်ငံရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူ ခိုင်ကောင်းစံက ယင်းကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။ “ကျန်းမာရေးနဲ့ ပညာရေးတွေမှာ အားမဖြည့်ဘဲနဲ့ စစ်မှာပဲ တည်ဆောင်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ ချွတ်ခြုံကျနေဦးမှာပါပဲ။ […]

Continue Reading