ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပရေး ညှိနှိုင်းအစည်းအဝေး

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပမည့် အစီအစဉ်များ အသေးစိတ်ညှိနှိုင်းသည့် အစည်းအဝေးကို ဖေဖော်ဝါရီ၊ ၅ ရက်နေ့က UNDO ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအင်အားစုတို့ အစည်းအဝေးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

မြေယာမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မြေယာမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံးတွင် ဖေဖော်ဝါရီ၊ ၃ – ၄ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါသည်။ အစိုးရနှင့် အခြားအဖွဲ့အစည်းများ၏ မြေယာမူဝါဒများ၊ မြေယာဆိုင်ရာဥပဒေများကို မြေယာအရေးကျွမ်းကျင်သူများဖြစ်ကြသည့် ဦးသန့်စင်နှင့် ဦးမင်းအောင်သူတို့က ရှင်းလင်းတင်ပြ ဆွေးနွေးပေးခဲ့ကြပါသည်။  တောင်သူလယ်သမားများ၏ အကျိုးစီးပွါး၊ ရင်းနှီးမြှုပ်နှံမှု၊ မြေယာပိုင်ဆိုင်ခွင့်၊ မြေယာနှင့် သယံဇာတ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ မြေယာပြဿနာများ၊ ပြန်လည်နေရာချထားရေး တို့အပါအဝင် မြေယာအရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို အုပ်စုလိုက်ဆွေးနွေးခြင်း၊ တင်ပြခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲသို့  ပါတီ၏ တောင်သူလယ်သမားရေးရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ တောင်သူလယ်သမားများ၏ အကျိုးစီးပွါးနှင့် အခွင့်အရေးများကို ကာကွယ်မြှင့်တင်နိုင်ရန်၊ ဖက်ဒရယ်ကိုအခြေခံသည့် မြေယာမူဝါဒတရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ပါသည်။ ကူညီဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီ၏ တောင်သူလယ်သမားရေးရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ […]

Continue Reading

အသရော်နှင့် ဇီးပွဲကျေးရွာအုပ်စုအပါအဝင် ကျေးရွာလေးရွာရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးငွေလင်းနှင့် ဦးအောင်မြင့်စိန်တို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူများနှင့်အတူ ၂၀၁၉၊ ဖေဖော်ဝါရီလ၊ ၃ရက်နှင့် ၄ ရက်နေ့များတွင် သာယာဝတီမြို့နယ်၊ ဒါဝိကျေးရွာအုပ်စု၊ အိပ်သဟာကျေးရွာအုပ်စု၊ အသရော်ကျေးရွာအုပ်စု၊ ဇီးပွဲကျေးရွာအုပ်စုတို့ရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့ကြပါသည်။ တောင်သူလယ်သမားခေါင်းဆောင်များနှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့လည်တွင် ပြည့်စင်ကုန်းကျေးရွာ၌လည်းကောင်း၊ ညနေနှင့်ညပိုင်းတွင် အိပ်သဟာကျေးရွာ၌လည်းကောင်း၊ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင် အိပ်သဟာကျေးရွာ၌လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးချက်များအရ လယ်သမားများ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်ကြွေး(အမတော်ကြေး)ကို မဆပ်နိုင်ဘဲ ဖြစ်နေရကြောင်း၊ မဆပ်နိုင်ရသည့်အကြောင်းရင်းမှာ –၂၀၁၅ နှင့် ၂၀၁၆ တွင် ၂ နှစ်ဆက်တိုက် တာကျိုးပြီး ရေနစ်မြုပ်ခဲ့ရခြင်း၊ ၂၀၁၇ နှင့် ၂၀၁၈ တွင် ပဲခင်းများ ပိုးကျ၊ ကြွက်ကျခြင်းတို့ကြောင့် […]

Continue Reading

သခင်သိန်းမောင်(ဝါးခယ်မ) ရာပြည့်အထိမ်းမှတ်ပွဲ တက်ရောက်

သခင်သိန်းမောင်(ဝါးခယ်မ) ရာပြည့်အထိမ်းမှတ်ပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂ ရက်နေ့ နံက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။

Continue Reading