ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၁/၂၀၁၉ ပြုလုပ်

ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၁/၂၀၁၉ကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဗဟိုကော်မတီအစည်းအဝေး၌ တင်ပြရန်ရှိသည်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ၂/၂၀၁၉ ပြုလုပ်

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ၂/၂၀၁၉ ကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ဇန်နဝါရီလ ၁၆ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဗဟိုကော်မတီအစည်းအဝေး ၁/၂၀၁၉ ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရေးဆွဲခဲ့ကြပါသည်။

Continue Reading

ဒေသဆိုင်ရာလွှတ်တော်များ အားပေးကူညီရေးအဖွဲ့မှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ လာရောက်မေးမြန်းဆွေးနွေး

ဒေသဆိုင်ရာလွှတ်တော်များ အားပေးကူညီရေးအဖွဲ့သည် ၂၀၁၉၊ ဇန်နဝါရီ၊ ၁၆ ရက်နေ့ ညနေပိုင်းတွင် ပါတီဌာနချုပ်ရုံးသို့ လာရောက်၍ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကို ဆွေးနွေးမေးမြန်းခဲ့ရာ ပါတီဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ တက်ရောက်

၂၀၁၉၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပခဲ့ပါသည်။ ညစာစားပွဲသို့ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ရေးရာဥက္ကဋ္ဌများ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး တက်ရောက်ခဲ့ပါသည်။

Continue Reading