
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၁၊ ၄၊ ၁၇ ရက်နေ့ နံနက်ပိုင်းက တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပခဲ့ပါသည်။
|
||
![]() ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၊၄၊၁၇ ရက်နေ့ နံနက်ပိုင်းမှနေ့လည်ပိုင်းအထိ ဘားအံမြို့ သံလွင်ပါရာဒိုက်စ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် NNER(ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) ဖြစ်ပေါ်လာပုံ၊ NNER ၏ ပညာရေးမူဝါဒ၊ ဖွဲ့စည်းပုံ၊ လက်ရှိဆောင်ရွက်ချက်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်(၂၁ ပင်လုံ)တွင် ပါဝင်နေမှုတို့ကို NNER အဖွဲ့ဝင်များက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ကရင်ဒေသခံ ပညာရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၊ ဘားအံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ တက္ကသိုလ်ဆရာ ဆရာမများသမဂ္ဂ၊ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ အလွတ်ပညာသင်ကျောင်းဆရာများ၊ပညာရေးပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားသူများ စုစုပေါင်း ၈၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ![]() လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးသည် ၁၉၊၄၊၁၇ ရက်နေ့ ညနေပိုင်းတွင် ဘားအံမြို့နယ် ပါတီစည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ အစည်းအဝေးကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၁၇ အတွင်း လုပ်ဆောင်မည့် ပါတီလုပ်ငန်းစဉ်များနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကို အတွင်းရေးမှူး(၂)က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဘားအံ စည်းကော်မတီဝင်များကလည်း ဒေသအခြေအနေနှင့် စည်းရုံးရေးအခြေအနေများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ![]() NNER(ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) တတိယအကြိမ်ညီလာခံ ကျင်းပရေးအတွက် ဒုတိယအကြိမ်မြောက် အကြိုညှိနှိုင်းအစည်းအဝေးကို မော်လမြိုင်မြို့ ပိုင်ခေတ်ခန်းမတွင် ၁၉၊၄၊၁၇ ရက်နေ့နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် NNER ညီလာခံနှင့် ပညာရေးနှီးနှောဖလှယ်ပွဲ ကျင်းပမည့် မေလ ၄၊၅၊၆ ရက်နေ့များအတွက် အစီအစဉ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ မွန်ဒေသခံ ပညာရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်၊ ပညာရေးဝန်ထမ်းဟောင်းများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ တက္ကသိုလ်ဆရာ ဆရာမများသမဂ္ဂ၊ NNER ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်နှင့် လုပ်ငန်းအဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ စုစုပေါင်း ၆၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ![]() ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိခြင်းအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ၁၀၊၄၊၁၇ ရက်နေ့ညပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ညစာစားပွဲတွင် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာသော ဧည့်သည်တော်များက အမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ ” (၁၇) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြု သဝဏ်လွှာ ![]() ဆွီဒင်နိုင်ငံ၊ ဂေါ့သင်ဘတ်ဂ်မြို့၊ ဂေါ့သီယာတာဝါ၌ ယနေ့ (၈၊ ၄၊ ၂၀၁၇) နေ့လည် ၂:၀၀ နာရီတွင် ဆွီဒင် ဆိုရှယ်ဒီမိုကကရက်ပါတီ၏ ၃၉ ကြိမ်မြောက်ကွန်ကရက် စတင်ကျင်းပခဲ့ရာ ပါတီအထွေထွေအတွင်းရေးမှူးချုပ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထိုကွန်ကရက်သို့ ကိုယ်စားလှယ် ၃၅၀၊ နိုင်ငံတကာမိတ်ဆွေပါတီများမှ ကိုယ်စားလှယ် ၇၀ နှင့် သံတမန်များ၊ ပါတီဝင်များ စုစုပေါင်း ၄၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ဆွီဒင်ဆိုရှယ်ဒီမိုကရက်ပါတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း ၎င်းကွန်ကရက်တွင် တက်ရောက်လျက်ရှိပါသည်။ ![]() ” လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး (၁)ဦးသီဟနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့သည် ၇၊ ၄၊ ၂၀၁၇ နေ့က ပဲခူးတိုင်း(အနောက်ခြမ်း) ပြည်ခရိုင် ရွှေတောင်မြို့နယ်ရုံး၌ခရိုင်ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံလျက် ၂၀၁၇ အတွင်း ပါတီက ဆောင်ရွက်ရန် လျာထားသောလုပ်ငန်းစဉ်များ လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် အကြို ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြသည်။ ” ![]() ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၏ ပညာရေးမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ ၂၊၄၊၁၇ ရက်နေ့တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗကသများအဖွဲ့ချုပ်၊ ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ၊ မြိတ်ခရိုင်တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ၊ LGBT၊ အလွတ်ပညာသင်ကျောင်းဆရာများ၊ မြန်မာနိုင်ငံ ဆရာ ဆရာမများအဖွဲ့ချုပ်၊ ၈၈ – ငြိမ်း/ပွင့်၊ တောင်သူများသမဂ္ဂ၊ ဘကကျောင်းဆရာများ၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို စိတ်ပါဝင်စားသော ဒေသခံများနှင့် ပညာရေးဝန်ထမ်းဟောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ နံနက်ပိုင်းတွင် NNER ၏ ပညာရေးမူဝါဒများကို ဆွေးနွေးခဲ့ကြသည်။ ညနေပိုင်းတွင် တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးက အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြ၍ တနင်္သာရီတိုင်းဒေသကြီး NNER ကွန်ရက်အား ဖွဲ့စည်းခဲ့ကြပါသည်။ ![]() ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၏ ပညာရေးမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို မြိတ်မြို့တွင် ၁၊၄၊၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် NNER လုပ်ငန်းအဖွဲ့ဝင်များ၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ်၊ ထားဝယ်ကျောင်းသားသမဂ္ဂ၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို စိတ်ပါဝင်စားသော ဒေသခံများနှင့် ပညာရေးဝန်ထမ်းဟောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ |
||
Copyright © 2021 DPNS - All Rights Reserved.
|