ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

January 2017
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  

၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်၏ဒုတိယအကြိမ်မြောက် အမျှအတန်းပေးဝေပွဲနှင့် မိသားစုတွေ့ဆုံပွဲ(၈.၁.၂၀၁၇)

၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်မှ စီစဉ်ကျင်းပသော ကွယ်လွန် အလုပ်သမားရဲဘော်ကြီးများအတွက် ဒုတိယအကြိမ်မြောက် အမျှအတန်းပေးဝေပွဲနှင့် မိသားစုတွေ့ဆုံပွဲကို ၈၊၁၊၁၇ ရက်နေ့က အင်းစိန်မြို့နယ်ရှိ အောင်ဇေယျဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ သက်ရှိထင်ရှား သပိတ်မှောက်အလုပ်သမားဟောင်းကြီးများ၊ ကွယ်လွန်သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေနိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက ကွယ်လွန်သူရဲဘော်ကြီးများအတွက် ဂုဏ်ပြုအမှတ်တရစကားများလည်း ပြောကြားခဲ့ကြပါသည်။

လူ့ဘောင်သစ်လူငယ် (Youth for A New Society) ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ပြန်လည်ဖွဲ့စည်းခြင်း

လူ့ဘောင်သစ်လူငယ် (Youth for A New Society) ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ပြန်လည်ဖွဲ့စည်းပြီးစီးကြောင်း သတင်းစာရှင်းလင်းပွဲကို ၅ ၊၁၊ ၁၇ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ YNS ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းပွဲတွင် လူ့ဘောင်သစ်လူငယ် သမိုင်းကြောင်း၊ မူဝါဒ၊ ရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ သတင်းစာရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ၊ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။

အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထား တင်ပြချက်

” ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ် (ဗဟို လုပ်ငန်းကော်မတီ)တို့ အပါအဝင် အမျိုးသားအင်အားစုများ (အဖွဲ့အစည်းပေါင်း ၆၂ ဖွဲ့)၏ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သော တင်ပြချက်ကို ယနေ့ (၆၉ နှစ်မြောက် လွတ်လပ် ရေးနေ့)တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။ ”

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) လုပ်ငန်းအဖွဲ့အစည်းအဝေး(၄.၁.၂၀၁၇)

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၄၊၁၊၁၇ ရက်နေ့ ညနေပိုင်းက NNER ရုံးခန်း၌ ကျင်းပခဲ့ပါသည်။ ဇန်နဝါရီ ၂ ရက်နေ့က ပြုလုပ်ခဲ့သော NNER အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှတ်တမ်းအား ပြန်လည်တင်ပြခြင်း၊ CSO Forum နှင့် NNER ချိတ်ဆက်ဆောင်ရွက်သင့်သည်များ၊ NNER ပညာရေးမူဝါဒဆိုင်ရာ ဖိုရမ်ပြုလုပ်ရေး အစရှိသည့်ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။