ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စများ
သို့
ဥက္ကဋ္ဌ
ဒေသဆိုင်ရာ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီများ
စာအမှတ်။ ဌနခ / ရအက / ၂၀၁၅ / ၁
ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်း များအား အစီအစဉ်ရှိရှိ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့် အောက်ပါ တို့ကို ကြိုတင်ပြင်ဆင် စုဆောင်းထားနိုင်ရန် လိုအပ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါလိုအပ်ချက်များအား အမြန်ဆုံး ဆောင်ရွက်နိုင်ရန် နှင့် (၃၁-၈-၂၀၁၅) ရက်နေ့ နောက်ဆုံးထား၍ ဌာနချုပ်ရှိ ပါတီအောင်နိုင်ရေးကော်မတီသို့ ပေးပို့နိုင်ရန် အကြောင်းကြားအပ်ပါသည်။
ပြင်ဆင်စုဆောင်းထားရန် အချက်အလက်များ –
၁။ မြို့နယ်မြေပုံ
၂။ ရပ်ကွက် – ကျေးရွာအုပ်စု စာရင်း
၃။ ရပ်ကွက် – ကျေးရွာအုပ်စု အလိုက် မဲဆန္ဒရှင်ဦးရေ (ကျား ၊ မ ၊ အသက်မွေးဝမ်းကျောင်း ၊ အကျိုးစီးပွားနှင့် လိုလားချက်၊ ပါတီထောက်ခံသူ/ အခြားထောက်ခံသူ / မဆုံးဖြတ်ရသေးသူ စသည်ဖြင့် ခန့်မှန်းဖေါ်ပြရန်)
၎။ မဲရုံစာရင်း နှင့် လိပ်စာ
၅။ ပြိုင်ဘက်နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများစာရင်း
၆။ ဒေသခံအရပ်ဖက်အဖွဲ့အစည်းများစာရင်းနှင့် ၎င်းတို့နှင့် ပါတီ၏ ဆက်ဆံရေးအခြေအနေ
၇။ မဲရုံတိုင်းတွင် ပါတီ၏ မဲရုံကိုယ်စားလှယ်ထားရှိရန်အတွက် ရာထားသတ်မှတ်ထားသည့် စာရင်း (မူကြမ်း)
၈။ ပါတီနှင့် ဆက်ဆံရေးကောင်းမွန် ရင်းနှီးသည့် ဒေသခံ သတင်းမီဒီယာများ စာရင်း
၉။ ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအကျဉ်း (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများ) နှင့် ယင်းတို့ကိုထင်ဟပ်စေသည့် ဓါတ်ပုံများ။
( ဇော်ဇော်ထွန်း )
အတွင်းရေးမှူး
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
မိတ္တူ
ရုံးလက်ခံ။
Continue Reading
ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲဝင်မည် ( ထုတ်ပြန်ကြေညာချက် (၄/၂၀၁၅) )
ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁)နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။
ပါတီ၏ မဟာဗျူဟာလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်အား လွှတ်တော် တွင်း လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှုများ ဟန်ချက်ညီညီ ဆက်စပ်ဆောင်ရွက်ခြင်း မှတဆင့် ကြိုးပမ်း အကောင်အထည်ဖေါ်သွားနိုင်ရန် ရွေးကောက်ပွဲဝင်ခြင်း ဖြစ်သည်။
လွှတ်တော်တွင်းမှနေ၍ ပြည်သူလူထု လတ်တလောရင်ဆိုင်နေရသည့် (အထူးသဖြင့် အလုပ် သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား ပြည်သူများ၏) လူမှုစီပွားအကျပ်အတည်းပြဿနာများ ဖေါ်ထုတ် တင်ပြသွားနိုင်ရန်နှင့် ပြည်သူလူထု၏ အသံ၊ ပြည်သူလူထု၏ လိုလားချက်များအား ထင်ဟပ်သည့် မူဝါဒ များအား ရေးဆွဲတင်ပြနိုင်ရန် ဖြစ်သည်။
လတ်တလောလိုအပ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအား နိုင်ငံရေး အင်အားစုအသီးသီးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများအပါအ၀င် လွှတ်တော်ပနိုင်ငံရေး ဖြစ်စဉ်အပေါ် အခြေခံ၍ လွှတ်တော်တွင်းနိုင်ငံရေးနှင့် ဆက်စပ်ဆောင်ရွက်ရေး ကြိုးပမ်းသွားနိုင်ရန် ဖြစ်သည်။
ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်တွင်း ရည်ရွယ်ချက်တူ အမြင်သဘောထားတူ အခြား ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက် သည်။
ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
Continue Reading
လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းထုတ်ပြန်ခြင်း ( သတင်းထုတ်ပြန်ချက် (၁/၂၀၁၅) )
ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁)နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် အောက်ဖေါ်ပြပါ ပါတီဝင်များဖြင့် သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်များ၌ ၀င်ရောက်ယှဉ်ပြိုင်သွားမည်။
(က) အမျိုးသားလွှတ်တော်
၁။ ဒေါ်နှင်းနှင်းမွှေး မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅)
၂။ ဦးမျိုးလွင် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂)
၃။ ဦးထွန်းရွှေ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)
၎။ ဦးထွန်းအောင်ကျော် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁)
(ခ) ပြည်သူ့လွှတ်တော်
၁။ ဒေါ်တင်တင်ချို မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂။ ဦးကျော်စန်းခိုင် တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၃။ ဦးသန်းဝင်း ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၎။ ဦးစောအောင် ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၅။ ဦးမြင့်အောင် ဆားလင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၆။ ဦးခင်မောင်ထွန်း ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၇။ ဦးကျော်ခင် ဘားအံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
(ဂ) ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်
၁။ ဒေါ်သက်ဇွန်လင်းထင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ရေကြည်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)
၂။ ဦးအောင်အောင်သန်းထိုက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုသိမ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)
၃။ ဦးမောင်မောင်ကြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုသိမ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)
၎။ ဦးသန်းထွန်းဝင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် သာပေါင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)
(ဃ) မန္တလေးတိုင်းဒေသကြီးလွှတ်တော်
၁။ ဒေါ်မေဖြူဆွေ မန္တလေးတိုင်းဒေသကြီးလွှတ်တော် တံတားဦးမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)
၂။ ဦးစိန်လှမိုး မန္တလေးတိုင်းဒေသကြီးလွှတ်တော် တံတားဦးမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)
၃။ ဦးသန်းထိုက်အောင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် မြင်းခြံမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)
၎။ ဒေါ်ခင်ခင်ကြိုင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် မြင်းခြံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)
(င) မကွေးတိုင်းဒေသကြီးလွှတ်တော်
၁။ ဦးအောင်လှိုင်သန်း မကွေးတိုင်းဒေသကြီးလွှတ်တော် သရက်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)
(စ) ကရင်ပြည်နယ်လွှတ်တော်
၁။ ဦးဇော်မင်းဦး ကရင်ပြည်နယ်လွှတ်တော် ဗမာတိုင်းရင်သားလူမျိုး မဲဆန္ဒနယ်
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
Continue Reading
ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း ( သတင်းထုတ်ပြန်ချက် (၂/၂၀၁၅) )
ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁)နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။ ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို အောက်ဖေါ်ပြပါ ပါတီဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်သည်။
၁။ ဦးငွေလင်း ဥက္ကဋ္ဌ
၂။ ဦးဇော်ဇော်ထွန်း အတွင်းရေးမှူး
၃။ ဦးတိုးတိုးထွန်း ကော်မတီဝင်
၎။ ဦးမင်းနိုင် ကော်မတီဝင်
၅။ ဒေါ်နှင်းနှင်းမွှေး ကော်မတီဝင်
၆။ ဒေါ်တင်တင်ချို ကော်မတီဝင်
၇။ ဦးညီညီအောင် ကော်မတီဝင်
၈။ ဦးဝဏ္ဏ ကော်မတီဝင်
၉။ ဦးသန့်စင် ကော်မတီဝင်
၁၀။ ဦးသူအောင် ကော်မတီဝင်
၁၁။ ဒေါ်သက်ဇွန်လင်းထင် ကော်မတီဝင်
ဆက်သွယ်ရန်
ဦးငွေလင်း (ဖုန်း ၀၉ ၃၁၁၀၆၂၄၂)
ဦးဇော်ဇော်ထွန်း (ဖုန်း ၀၉ ၇၉၅၈၃၉၃၅၃)
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
Continue Reading