ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

ကျားမတန်းတူရေးမြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာစာတမ်း မိတ်ဆက်မျှဝေခြင်း အခမ်းအနား သို့တက်ရောက်

Salween Institute for Public Policy နှင့် အမျိုးသမီးများဖွဲ့ချုပ်(မြန်မာနိုင်ငံ)တို့ ပူးပေါင်းထုတ်ဝေသည့် “ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ” မူဝါဒရေးရာစာတမ်း မိတ်ဆက်မျှဝေခြင်း အခမ်းအနားကို ၂၀၁၈၊ ဇန်နဝါရီလ၊ ၁၅ ရက် နေ့လည် ၁း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ စာတမ်းပြုစုသူများက စာတမ်းပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ထိုစာတမ်းမိတ်ဆက်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။