လွပ်လပ်သောမြန်မာနိုင်ငံလုံးဆိ်ုင်ရာအလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ တက်ရောက်

လွပ်လပ်သောမြန်မာနိုင်ငံလုံးဆိ်ုင်ရာအလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၈ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဇန်နဝါရီ ၁၀ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြုလုပ်သည့် အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခများနှင့် လိုအပ်မည့်စည်းမျဉ်း၊စည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က အလုပ်ရှင်၊ အလုပ်သမားပြဿနာ ကြီးထွားလာခြင်းတွင် တရားမဝင်အဖွဲ့အစည်းများ (အလုပ်သမားရေးရာ ကူညီဆောင်ရွက်သူများ) ပါဝင်ပတ်သက်နေကြောင်း ပြောကြားခဲ့ခြင်းအပေါ်ပြန်လည်ရှင်းလင်း ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲဖြစ်ပါသည်။ ၎င်းသတင်းစာရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အလုပ်သမားရေးရာကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနား တက်ရောက်

ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနားကို ၂၀၁၉၊ ဖေဖော်ဝါရီ၊ ၁၆ ရက်နေ့တွင် တောင်ဥက္ကလာပ၊ စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်သူ့တိုးတက်ရေးပါတီ ခေါင်းဆောင်များ၊ ကိုကိုးကျွန်းပြန်ရဲဘော်ကြီးများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဦးခင်မောင်မြင့်သည် အသက် ၁၅ နှစ်သားခန့်အရွယ်မှစတင်ကာ ဖက်ဆစ်နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် အစဉ်တစိုက် ပါဝင်ခဲ့သူဖြစ်သည်။ စစ်အစိုးရအဆက်ဆက်၏ အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခြင်းကို ခံရကာ ကိုကိုးကျွန်းအကျဉ်းစခန်းသို့လည်း ပို့ဆောင်ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထောင်တွင်းတိုက်ပွဲများ၊ ကျွန်းစနစ်ဖျက်သိမ်းရေးတိုက်ပွဲများတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည်။ နိုင်ငံရေးဆောင်ရွက်မှုသမိုင်းတလျှောက်တွင် ဂျပန်တော်လှန်ရေး ဆက်သား၊ ရကသ၊ ဗကသ၊ တကသ အမှုဆောင်၊ ငါးခရိုင် ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြပွဲ ပဲခူးစစ်ကြောင်းမှူး၊ ပြည်သူ့ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်၊ ပမညတ(ဌာနချုပ်) သဘာပတိအဖွဲ့ဝင်၊ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ၊ […]

Continue Reading

“မြန်မာနိုင်ငံတိုးတက်စည်ပင်ရေး အမျိုးသမီးလုပ်အားဖြင့် ကူညီပေး”ဆွေးနွေးပွဲတက်ရောက်

“မြန်မာနိုင်ငံတိုးတက်စည်ပင်ရေး အမျိုးသမီးလုပ်အားဖြင့် ကူညီပေး” ခေါင်းစဉ်ဖြင့် Lendesa က စီစဉ်ပြုလုပ်သည့် ဆွေးနွေးပွဲကို Women Lead Resource Centre တွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ မြေယာကဏ္ဍတွင် အမျိုးသမီးများ၏ပါဝင်မှုနှင့် ခေါင်းဆောင်မှု မြှင့်တင်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး DPNS အမျိုးသမီးလုပ်ငန်းကော်မတီတာဝန်ရှိသူများလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားတက်ရောက်

၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ယုဒသန်ရိပ်သာ၌ ပြုလုပ်ခဲ့ပါသည်။ ကရင်လူထုဆန္ဒပြပွဲပြုလုပ်ခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရိလ ၁၁ ရက်နေ့ကို ကရင်အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ လူ့ဘောင်သစ်လူငယ်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အခြေပြု လူမှုအဖွဲ့အစည်းများ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသည့် ကရင်အမျိုးသားခေါင်းဆောင်များက ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပေးပို့လာသည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် သဝဏ်လွှာကိုလည်း ဖတ်ကြားဂုဏ်ပြုခဲ့ပါသည်။

Continue Reading

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ နှီးနှောဖလှယ်ပွဲ လုပ်ငန်းအဖွဲ့အစည်းအဝေးပြုလုပ်

စတုတ္ထအကြိမ်မြောက် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ နှီးနှောဖလှယ်ပွဲ ကျင်းပရန်အတွက် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် UNA ရုံးတွင် ကျင်းပခဲ့ကြပါသည်။ ဓာတ်ပုံ – UNA page မှ ကူးယူဖော်ပြသည်။

Continue Reading

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးလှမြင့်၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးလှမြင့်၏ ဆွေးနွေးချက် အပိုင်း(၂)

Continue Reading

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးလှမြင့်၏ ဆွေးနွေးချက် အပိုင်း(၁)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးလှမြင့်၏ ဆွေးနွေးချက် အပိုင်း(၁)

Continue Reading

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြီးမြင့်၏ ဆွေးနွေးချက် အပိုင်း(၂)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြီးမြင့်၏ ဆွေးနွေးချက် အပိုင်း(၂)

Continue Reading

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြည်မြင့်၏ ဆွေးနွေးချက် အပိုင်း(၁)

“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြည်မြင့်၏ ဆွေးနွေးချက် အပိုင်း(၁)

Continue Reading