Data Analysis and Political Communication သင်တန်းသို့ တက်ရောက်

၂၆-၂၈၊ ဇူလိုင်၊ ၂၀၁၉။ မနီလာမြို့၊ ဖိလစ်ပိုင်နိုင်ငံ။ SocDem Asia က စီစဉ်သည့် Executive Course 2; Data Analysis and Political Communication သင်တန်းကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၀၁၉၊ ဇူလိုင်၊ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းသို့ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ တီမော၊ သြစတြေးလျနိုင်ငံတို့မှ SocDem Asia အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်း၊ ဦးချာလီတင်ဦးနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၂ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီဖွဲ့စည်း

၂၀၁၉၊ ဇူလိုင်၊ ၂၈။ ရန်ကုန်မြို့ ။ အောင်သပြေကျေးရွာကိစ္စအပါအဝင် ကျေးလက်ဒေသများတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် လူထုလှုပ်ရှားမှုများအား ကူညီဝန်းရံနိုင်ရေးအတွက် ညှိနှိုင်းသည့်အစည်းအဝေးကို ၂၀၁၉၊ ဇူလိုင် ၂၈ ရက် နေ့လည်ပိုင်းတွင် UNDO ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများကွန်ရက်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေး ဆုံးဖြတ်ချက်အရ အောင်သပြေကျေးရွာသားများအပါအဝင် ဆုံးရှုံးနစ်နာနေသော၊ အကာအကွယ် အကူအညီမဲ့နေသော ကျေးလက်လူထုကို ထိထိရောက်ရောက် ကူညီဝန်းရံနိုင်ရေးအတွက် “ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပါသည်။

Continue Reading