“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ် သတင်းစာရှင်းလင်းပွဲ
၂၀၁၉၊ ဇွန်၊ ၂၇။ ရန်ကုန်မြို့။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁၇၊ ၆၊ ၂၀၁၉ ရက်နေ့မှ ၂၁၊ ၆၊ ၂၀၁၉ ရက်နေ့အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များသို့ ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ဆိုင်ရာ ကိစ္စရပ်များကို အမြင်သဘောထားဖလှယ်မှုများ၊ ဆွေးနွေးမေးမြန်းလေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ခရီးစဉ်မှ ပြန်လည်ရောက်ရှိပြီးနောက် ဇွန်လ ၂၇ ရက် နေ့လည် ၂းဝ၀ နာရီတွင် ရန်ကုန်မြို့၊ […]
Continue Reading