ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

June 2019
M T W T F S S
 12
3456789
10111213141516
17181920212223
24252627282930

မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ကြေညာပေးရန် နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် တောင်းဆို

Daily ELEVEN Newspaper(5-6-2019)

ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ကြေညာပေးရန် နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ဇွန် ၂ ရက်တွင် ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက်က “ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်”ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သော နိုင်ငံရေးစကားဝိုင်းတွင် နိုင်ငံင်္ရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်တို့က ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ကာ ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ရခိုင်အမျိုးသားများအပါအ၀င် တိုင်းရင်းသားများက စစ်ရေးအရ တိုက်ခိုက်နေရခြင်းသည် ဒီမိုကရေစီရေး၊ တန်းတူအခွင့်အရေး ရရှိရေးအတွက် ခုခံတော်လှန်နေကြသော နိုင်ငံရေးပြဿနာများကြောင့်သာဖြစ်ပြီး တိုက်ပွဲများရပ်တန့်ရေးအတွက် အင်အားကြီးသည့် တပ်မတော်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန်နှင့်