YES ကျောင်းတွင် ကျင်းပသည့် ၅၄ နှစ်မြောက် 7 July အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်း (Youth Empowerment School) သန်လျင်တွင် ၇ – ၇ – ၂၀၁၆ ရက်နေ့က (၅၄) နှစ်မြောက် 7 July အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗကသများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီဝင်ဟောင်း ဦးတင်အေးတို့ကို ဖိတ်ကြားဟောပြောစေခဲ့ပါသည်။ ဦးတင်အေးက 7 July နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းနှင့် 7 July စိတ်ဓာတ်အပေါ် ၎င်း၏ ခံစားချက်ကို ဆွေးနွေးခဲ့ပါသည်။  ဦးငွေလင်းက 7 July နှင့်ပတ်သက်၍ ယနေ့ကာလ ထားရှိရမည့် နိုင်ငံရေးတာဝန်များကို ဆွေးနွေးရာတွင် ဇူလိုင် ၇ ရက် သူရဲကောင်းစိတ်ဓာတ်အဓွန့်ရှည်ရေး၊ ဗကသများအဖွဲ့ချုပ် အဓွန့်ရှည်ရေး စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျဆုံးရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ပါသည်။ YES ကျောင်းသူ ကျောင်းသားများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး 7 July အမှတ်တရကဗျာများလည်း ရွတ်ဆိုခဲ့ကြပါသည်။ ထို့နောက် ကျောင်းသူကျောင်းသားများက မျိုးဆက်သစ် ကမ္ဘာမကြေသီချင်း ဂုဏ်ပြုသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။