သြဂုတ် – ၆ ၊၂၀၁၈
ရှစ်လေးလုံး အရေးတော်ပုံ ပုလဲရတု အကြို စကားဝိုင်း ။
7 Day TV Live ၏ ဖော်ပြချက်။
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အကြို စကားဝိုင်းရှစ်လေးလုံး အရေးတော်ပုံ ပုလဲရတု အကြို စကားဝိုင်း သြဂုတ် – ၆ ၊၂၀၁၈ လာမယ့် သြဂုတ်လ ၈ ရက်ဆို ဆိုရှယ်လစ် အမည်ခံ တစ်ပါတီ အာဏာရှင်စနစ်နဲ့ ၂၆ နှစ်ကြာ ပြည်သူတွေကို လှောင်အိမ်ထဲထည့် အုပ်ချုပ်ခဲ့တဲ့ စစ် အာဏာရှင်ကို လူထု တစ်ရပ်လုံး အုံကြွတော်လှန်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ရဲ့ နှစ်သုံးဆယ်ပြည့် ပုလဲရတုကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ အာဏာရှင် နိုင်ငံတွေကို လူထုအုံကြွမှုနဲ့ ဒီမိုကရေစီရရှိဖို့ တော် လှန်ခဲ့ကြတဲ့ ဒီမိုကရေစီ တော်လှန်ရေး တတိယလှိုင်းမှာ မြန်မာနိုင်ငံက အစောဆုံးပါဝင် ခဲ့တာလည်း ဖြစ်ပါတယ်။ဒါပေမယ့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေးဟာ ပန်းတိုင်တော့ မရောက်ခဲ့ပါဘူး။ တစ်ပါတီ အာဏာရှင်စနစ် ကျဆုံးသွားခဲ့ပေမယ့် ပါတီမဲ့စစ်အာဏာရှင်ရဲ့ လက်အောက် မှာ နောက်ထပ် ၂၅ နှစ် နေထိုင်ခဲ့ကြရပါတယ်။အာဏာရှင်တွေရဲ့ လက်အောက်မှာ ဘယ်လိုပင် ခါးသီးစွာဖြတ်သန်းခဲ့ရပါစေ ရှစ်လေး လုံး အရေးတော်ပုံကြီးရဲ့ သမိုင်းဟာ ပျောက်ပျက်မသွားခဲ့သလို ရှစ်လေးလုံး အရေး တော်ပုံကြီးကို စတင်ဖောက်ခွဲခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားတို့ရဲ့ သမိုင်းကလဲ ဆက် လက်တည်တံ့နေဆဲပါ။
Posted by 7Day TV on Sunday, 5 August 2018