ရခိုင် အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် – အပိုင်း (၁) 7 Day သတင်းဌာန၏ ဖော်ပြချက်

ရုပ်သံမှတ်တမ်း

ဇွန် – ၃ ၊ ၂၀၁၉ ။

ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်ဆိုတဲ့ နိုင်ငံရေးစကားဝိုင်းတစ်ရပ်ကို မနေ့က ဇွန် ၂ ရက်က ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေ အပါအဝင် ရခိုင်ဒေသမှာ စစ်ပွဲတွေရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာနိုင်ဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။

ဆွေးနွေးပွဲမှာတော့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေဖြစ်တဲ့ ဥပဒေပညာရှင် ဦးကြီးမြင့်၊ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိူး ၊ SNLD ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်၊ ဝံလက်ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံတို့က ဝင်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပိုင်းကို နှစ်ပိုင်းခွဲကျင်းပခဲ့ပြီး ပထမပိုင်းနဲ့ ဒုတိယပိုင်းကိုတော့ ဆွေးနွေးသူတွေက တစ်ဦးကို ဆယ်မိနစ်စီ ဆွေးနွေးခဲ့ကြပြီး ပွဲကိုတက်ရောက်လာသူတွေက အပြန်အလှန်မေးခွန်းတွေ မေးမြန်းခဲ့ကြတာပါ။

ပထဦးဆုံးအနေနဲ့ ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် ဆွေးနွေးခဲ့တဲ့ ပထမပိုင်းမှာ ပညာရှင်တစ်ဦးချင်းစီရဲ့ ဆွေးနွေးမှုတွေကိုတင်ဆက်ပေးလိုက်ပါတယ်။

ဒုတိယပိုင်းကိုလည်း ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

သတင်းထောက်-မိုးညို ၊အောင်ကျော်ထွန်း
ကင်မရာ – နေဝန်းဦး

https://www.facebook.com/7DayOnlineTV/videos/449968979130232/UzpfSTE3OTQ3MTgwODczMTM1MToyNTEzNTE1OTExOTkzNTg0/?epa=SEARCH_BOX