နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး နယ်ပယ်က တပ်မတော် ဆုတ်ခွာမလား (ရုပ်/သံ)

ရုပ်သံမှတ်တမ်း

ဧရာဝတီ၊ ဇွန် ၆၊ ၂၀၁၉

တပ်မတော်သည် တိုင်းပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး နယ်ပယ်များ၌ ဆုပ်ကိုင် ပတ်သက်နေမှုများမှ အမြန်ဆုံး ဆုတ်ခွာပြီး နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး၊ ကာကွယ်ရေး တာဝန်ကို နိုင်ငံတော် အစိုးရလက်အောက်တွင် ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်ရန် အတွက် နိုင်ငံရေးပါတီများ အပါအဝင် အဖွဲ့အစည်းပေါင်း ၁၂၂ ဖွဲ့က ဇွန် ၂ ရက်နေ့တွင် သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ ယခုတပတ် Dateline Irrawaddy အစီအစဉ်တွင် ထိုသဘောထား ကြေညာချက် ပူးပေါင်းထုတ်ပြန်ခဲ့သော အဖွဲ့များထဲမှ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) မှ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေး၊ ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေ အထောက်အကူပြုသူများ အဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်တို့နှင့်အတူ ဧရာဝတီမြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ က ဆွေးနွေးထားသည်။

ရိုက်ကူး – ကျော်သူရ ၊ ကျန်ကျောင်း
တည်းဖြတ် – ကျော်သူရ

https://www.facebook.com/theirrawaddyburmese/videos/885723378432195/UzpfSTE3OTQ3MTgwODczMTM1MToyNTE4OTAyMTMxNDU0OTYy/