UEC နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၇၊ ၈၊ ၂၀၁၉။ မန္တလေး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၉၊ သြဂုတ်လ၊ ၇ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးလွှတ်တော်ရုံးဟောင်း၌ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ မန္တလေးတိုင်းအတွင်းရှိ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမဟာဗျူဟာစီမံကိန်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးသန့်စင်နှင့် အောင်မြေသာစံမြို့နယ်ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်တို့ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဦးသန့်စင်က တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲဖြစ်စေချင်ကြောင်း၊ ရွေးကောက်ပွဲအစဉ်ဆက် မဲစာရင်းအမှားများအပါအဝင် အားနည်းမှုများကို ပြုပြင်ပြီး အကောင်းဆုံးပြင်ဆင်နိုင်ရန် ကြိုးစားကြစေချင်ကြောင်း၊ ရွေးကောက်ပွဲအပေါ် မဲဆန္ဒရှင်များ အာရုံစူးစိုက်မှု၊ မဲပေးမှု နည်းပါးလာခြင်းအပေါ် UEC အပါအဝင် ပါတီများ၊ အရပ်ဖက်အဖွဲ့စည်းများ ပူးပေါင်းလှုံ့ဆော်ပေးဖို့ လိုအပ်ကြောင်း၊ ဒေသဆိုင်ရာအားလုံး၏ မဲစာရင်းများကို UEC ဝက်ဘ်ဆိုက်တွင် အချိန်မီတင်ပေးနိုင်ဖို့ လိုကြောင်း၊ ထိုသို့ တင်ပေးခြင်းအားဖြင့် မဲစာရင်းစစ်ရန် အင်အားနည်းသောပါတီများအတွက် အသုံးဝင်ကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

[ngg src=”galleries” ids=”645″ display=”basic_thumbnail”]