UEC နှင့် ကရင်ပြည်နယ်အတွင်းရှိ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲတက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ


၂၀၁၉၊ ဇူလိုင်၊ ၉။ ဘားအံမြို့။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကရင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇူလိုင်၊ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဘားအံမြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ခင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

[ngg src=”galleries” ids=”629″ display=”basic_thumbnail”]