SYCB ၏ လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၏ လူငယ်စွမ်းရည်မြှင့်တင်ရေး Youth Training Center (YTC) သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉၊ မေ ၅ ရက်နေ့ ညနေပိုင်းတွင် SYCB ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မိတ်ဖက်လူငယ်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားလူငယ်အင်အားစုများ၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)၏ ကျောင်းသားဟောင်းနှင့် နိုင်ငံရေးအင်အားစုအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး ကိုမျိုးစောတို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။
ဦးတိုးတိုးထွန်းက အမှတ်တရစကား ပြောကြားရာတွင် SYCB ၏ သမိုင်းကြောင်း၊ မူဝါဒနှင့် ဦးတည်ချက် လုပ်ငန်းစဉ်များ ဖြစ်ပေါ်လာပုံ၊ မူလရည်ရွယ်ချက်ဖြစ်သည့် တိုင်းရင်းသားလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သွေးစည်းချစ်ကြည်ရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတို့အတွက် SYCB အနေဖြင့် နှစ်ပေါင်း (၂၀)ကျော် တိုက်ပွဲဝင်ခဲ့ပြေီး မဟာမိတ်အင်အားစုအသီးသီးနှင့်လည်း လက်တွဲဆောင်ရွက်ဆဲဖြစ်သည့်အတွက် ဂုဏ်ယူပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

[ngg src=”galleries” ids=”572″ display=”basic_thumbnail”]