SYCB ၏ မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်ဆွေးနွေး

ပါတီလှုပ်ရှားမှုများ

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)၏ ၁၀ ကြိမ်မြောက်ညီလာခံသက်တမ်းအကြို မဟာဗျူဟာအလုပ်ရုံဆွေးနွေးပွဲတရပ်ကို ရန်ကုန်မြို့တွင် စက်တင်ဘာ ၆ ရက်မှ ၈ ရက်နေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုမဟာဗျူဟာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော အဖွဲ့ဝင်အဖွဲ့အစည်းအသီးသီး၏ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများက လက်ရှိနိုင်ငံရေးအပေါ် အမြင်သဘောထား၊ မိမိတို့အဖွဲ့အစည်းအသီးသီး၏ လှုပ်ရှားဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

SYCB ၏ အခွင့်အလမ်း၊ အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုများကို အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ခဲ့ပါသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် ကွန်ဂရက်အဖွဲ့ဝင်အဖွဲ့အစည်းမှ သဘာပတိကိုယ်စားလှယ်များ၊ အရင်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်များ၊ ရုံးအဖွဲ့ဝင်များ၊ YTC ကျောင်းသူကျောင်းသားများအပါအဝင် ၃၀နီးပါး တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”483″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]