SYCB မှ ဖွင့်လှစ်ထားသော Youth Training Centre သင်တန်းသားများကို လက်ခံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

၂၀၁၆၊ မေလ ၂၆ ရက်နေ့ ညနေပိုင်းတွင် SYCB (Students and Youths Congress of Burma) မှ ဖွင့်လှစ်ထားသော Youth Training Centre သင်တန်းသူသင်တန်းသားများသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်လေ့လာကြပါသည်။
ထိုသင်တန်းကျောင်းသည် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားလူငယ်များကို အရည်အချင်းမြှင့်တင်ပေးသည့် နိုင်ငံရေးသိပ္ပံကျောင်း ဖြစ်ပါသည်။ ကျောင်းဆင်းခါနီးတွင် နိုင်ငံရေးပါတီများအား လေ့လာခြင်းအစီအစဉ်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို လာရောက်လေ့လာကြခြင်း ဖြစ်ပါသည်။ ပါတီမှ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးအပါအဝင် ပါတီတာဝန်ရှိသူများက နွေးနွေးထွေးထွေး ကြိုဆိုကြပြီး ပါတီ၏ ဖြတ်သန်းမှုသမိုင်းအကျဉ်း၊ ယနေ့ကာလ နိုင်ငံရေးအခြေအနေများအပေါ်  ပါတီ၏အမြင်၊ ပါတီ၏ လတ်တလောလုပ်ငန်းစဉ်များကို အကျဉ်းမျှ ရှင်းလင်းတင်ပြပေးပါသည်။ လူ့ဘောင်သစ်လူငယ်အကြောင်းကိုလည်း မိတ်ဆက်တင်ပြပေးကြပါသည်။
သင်တန်းသားများက စိတ်ဝင်စားကြပြီး ၎င်းတို့ ပိုမိုရှင်းလင်းစွာ သိမြင်လိုသည့် အချက်များကို မေးမြန်းကြပါသည်။ ပါတီမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးကြပြီး သင်တန်းသားများဖက်ကလည်း လက်ရှိနိုင်ငံရေး အခြေအနေများအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြပါသည်။