Survivors Exchange အမျိုးသမီးများနှီးနှောဖလှယ်ပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ဝိမုတ္တိနှင့် AJAR တို့ ပူးပေါင်းစီစဉ်သည့် ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီးများ နှီးနှောဖလှယ်ပွဲ(Survivors Exchange) ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၂-၃-၁၇ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်ရှိ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ နိုင်ငံရေးအကျဉ်းသူဟောင်းများ၊ လယ်ယာမြေအရေး လှုပ်ရှားတက်ကြွသူများ၊ အလုပ်သမားအရေးဆောင်ရွက်သူများ တက်ရောက်၍ အမြင်များ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။