SocDem(Asia) ညီလာခံ ကျင်းပ

ပါတီလှုပ်ရှားမှုများ

A Social Democratic Asiaး Strengthening Inclusive Policy Formulation Regional Public Presentation and Experience Sharing Conference ပထမနေ့ကို ၂၀၁၇၊ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ Rose Garden ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ညီလာခံသို့ SocDem Asia အဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာ၊ ဖိလစ်ပိုင်၊ နီပေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မွန်ဂိုလီးယား၊ ပါကစ္စတန်၊ ထိုင်း အစရှိသည့်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၊ Marie Chris Cabreros(SocDem Asia)၊ Simon Redder Thomsen(SDP)တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။ ညီလာခံတက်ရောက်လာသည့် ကိုယ်စားလှယ်များက မိမိတို့ဒေသတွင်းအခြေအနေများ၊ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ သင်ခန်းစာများကို တင်ပြဆွေးနွေးပေးခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”261″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]