SocDem Asia အစည်းအဝေး တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ ၃- ၄- ၅ ဒီဇင်ဘာ။ ဂျကာတာမြို့၊ အင်ဒိုနီးရှားနိုင်ငံ။

SocDem Asia က စီစဉ်ပြုလုပ်သည့် လူမှုတရားမျှတရေးအတွက် အားလုံးပါဝင်သည့် မူဝါဒ ဖော်ဆောင်နိုင်ရေး ဆွေးနွေးပွဲကို ၂၀၁၉၊ ဒီဇင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပြုလုပ်ခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံမှ NasDem ပါတီက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။ ၎င်းအစည်းအဝေးသို့ မြန်မာ၊ ထိုင်း၊ ဒိန်းမတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ နီပေါနိုင်ငံတို့မှ SocDem Asia အဖွဲ့ဝင် ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”739″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]