SocDem Asia အစည်းအဝေး တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ နိုဝင်ဘာ ၂၄-၂၅။ ဘန်ကောက်။

SocDem Asia အစည်းအဝေးကို ၂၀၁၉၊ နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့ပါသည်။ မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ဆွီဒင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ SocDem Asia အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြရာ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့၏ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။
တက်ရောက်လာသည့် ကိုယ်စားလှယ်များက မိမိတို့နိုင်ငံအသီးသီး၏ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ လက်ရှိအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”734″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]