SocDem Asia က စီစဉ်ကျင်းပသည့် Inclusive Policy Formulation Training Workshop (ဒုတိယနေ့)

ပါတီလှုပ်ရှားမှုများ

SocDem Asia က စီစဉ်ကျင်းပသည့် Inclusive Policy Formulation Training Workshop ဒုတိယနေ့ကို ၆-၁၁-၂၀၁၇ နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မူဝါဒစာတမ်း(မူကြမ်း)ရရှိအောင် ကြိုးပမ်းခဲ့သည့်အခြေအနေများကို ပြန်လည်တင်ပြခဲ့သည်။ SNLD တွဲဘက်အတွင်းရေးမှူးဦးစိုင်းကျော်ညွန့်က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသူများက မြန်မာ့နိုင်ငံရေးစိန်ခေါ်ချက်များအား အဖြေရှာနိုင်ရေးအတွက် အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”280″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]