SNLD တည်ထောင်ခြင်း ၂၈ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား

ပါတီလှုပ်ရှားမှုများ

ရှမ်းတိုင်းရင်းသားများအဖွဲ့ချုပ် (SNLD) တည်ထောင်ခြင်း ၂၈ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၆- ၁၀- ၁၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ Panda ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများကလည်း ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုဦးဆောင်ကော်မီဝင် ဒေါ်နိုးနိုးထက်စံက ပါတီ၏သဝဏ်လွှာအား ဖတ်ကြားဂုဏ်ပြုခဲ့ပါသည်။