မြင်းခြံမြို့နယ် စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈၊ စက်တင်ဘာ၊ ၂၃ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ဆင်းဂွတ်၊ ရွာရှည်၊ လှိုင်းတက်၊ ဖက်ပင်အိုင်၊ ကျောက်တိုင်၊ ကန်နီ၊ ကတော၊ ဆုံရွာတို့သို့ သွားရောက်၍ ရပ်ကျေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြပါသည်။ ဆိုင်းဘုတ်တင်ပွဲသို့ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ဒေသခံရွာသူရွာသားများ တက်ရောက်ခဲ့ကြပါသည်။