NNER ၆ လပတ်အစည်းအဝေး အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၆လပတ်အစည်းအဝေးအတွက် အကြိုပြင်ဆင်ညှိနှိုင်းခြင်းကို ၁၄-၁၂-၂၀၁၇ ရက်နေ့ ညပိုင်းတွင် ထားဝယ်မြို့ ဇေယျာထက်စံဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ NNER နာယကများ၊ ဥက္ကဋ္ဌ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ကိုယ်စားပြုကော်မတီဝင်များ၊ အလုပ်အဖွဲ့ဝင်များ၊ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြရာ ကိုယ်စားပြုကော်မတီဝင်တစ်ဦးဖြစ်သည့် DPNS အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ဒီဇင်ဘာ ၁၅-၁၆ နှစ်ရက်တာကျင်းပမည့် ၆ လပတ်အစည်းအဝေးအစီအစဉ်များ အစည်းအဝေးကျင်းပမည့်ပုံစံများကို ညှိနှိုင်းအတည်ပြုခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”308″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]