NNER အလုပ်အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အလုပ်အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၄- ၈- ၁၆ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ပါသည်။ ယခင်အစည်းအဝေးကျင်းပပြီးချိန်မှ ယခုအချိန်ထိ ဆောင်ရွက်ထားရှိမှုများအား ပြန်လည်တင်ပြခြင်း၊ CSO Forum တွင် NNER ပါဝင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ NNER လုပ်ငန်းအဖွဲ့နှင့် မကွေးကွန်ရက်တို့၏ အစည်းအဝေးအတွက် အသေးစိတ်အစီအစဉ်များ၊ အောက်တိုဘာလတွင် မကွေးမြို့၌ကျင်းပမည့် NNER ပြည်နယ်နှင့်တိုင်းကွန်ရက်များ၏ ၆ လပတ်အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည့်ကိစ္စများ စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။