NNER အစည်းအဝေးသို့ တက်ရောက် (ဒုတိယနေ့)

ပါတီလှုပ်ရှားမှုများ

NNER (ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် ပညာရေးမူဝါဒဆွေးနွေးပွဲ ဒုတိယနေ့ကို ၂၉-၃-၁၇ ရက်နေ့ နံနက် ၉:ဝ၀ နာရီမှ ညနေ ၅:ဝ၀ နာရီအထိ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် အပါအဝင် NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ နာယကများ၊ ဗကသများအဖွဲ့ချုပ်၊ တိုင်းရင်းသားကျောင်းသားသမဂ္ဂများ၊ ပညာရေးအပြောင်းအလဲကို စိတ်ပါဝင်စားသည့် ဒေသခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ နံနက်ပိုင်း၌ ဒေါက်တာအာကာမိုးသူက အဖွင့်အမှာစကား ပြောကြားပေးပြီးနောက် “လက်ရှိနိုင်ငံရေး အခင်းအကျင်းတွင် အနာဂတ်ပညာရေး အလားအလာ” ခေါင်းစဉ်ဖြင့် ဒေါက်တာသန့်လွင်မောင်(ကိုတာ)၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း၊ ဒေါက်တာကျော်သူ၊ ဦးမြင့်ဇော်တို့က တင်ပြဆွေးနွေးပေးခဲ့ကြသည်။ ညနေပိုင်း၌ မေလပထမပတ်၊ မော်လမြိုင်မြို့တွင် ကျင်းပမည့် NNER တတိယအကြိမ်မြောက် ညီလာခံအတွက် ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”183″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]