NNER အစည်းအဝေးသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၄-၃-၁၇ ရက်နေ့ ညနေပိုင်းက NNER ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ မတ်လ ၂၈၊ ၂၉ တွင် မော်လမြိုင်မြို့၌ ကျင်းပမည့် NNER ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် ပညာရေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲ၊ ဧပြီလဆန်းတွင် မြိတ်မြို့၌ ပြုလုပ်မည့် မူဝါဒရေးရာ အလုပ်ရုံဆွေးနွေးပွဲ၊ မေလ ပထမပတ်တွင် မော်လမြိုင်မြို့၌ ကျင်းပမည့် NNER တတိယအကြိမ်ညီလာခံဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။