NNER လုပ်ငန်းအဖွဲ့၏ အလုပ်ရုံဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့၏ အလုပ်ရုံဆွေးနွေးပွဲကို၂၀၁၇ ဒီဇင်ဘာ ၁၇ နှင့် ၁၈ ရက်နေ့များတွင် ထားဝယ်မြို့၌ ပြုလုပ်ခဲ့ရာ DPNS အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် NNER ဖွဲ့စည်းရန် ကြိုးပမ်းဆောင်ရွက်စဉ်ကာလမှ စတင်၍ ယနေ့ကာလအထိ ကြုံတွေ့ဖြတ်သန်းခဲ့ရသော အခြေအနေများ၊ စိန်ခေါ်ချက်များ၊ အခက်အခဲများ၊ အောင်မြင်မှုများ၊ အားနည်းချက်များကို ပြန်လည်ဝေဖန်သုံးသပ်ခြင်း၊ NNER ဖွဲ့စည်းပုံ၏ အားသာချက် အားနည်းချက်များအား ပြန်လည်ဆန်းစစ်ပြီး အားကောင်လာစေရန် လုပ်ဆောင်သင့်သည်များ၊ မိမိတို့နှင့် မချိတ်ဆက်မိသေးသည့် ပညာရေးလုပ်ငန်းဆောင်ရွက်နေသူများနှင့် ချိတ်ဆက်လုပ်ဆောင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ၆ လပတ်အစည်းအဝေး ရရှိချက်များအပေါ် အခြေခံ၍ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”309″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]