NNER လုပ်ငန်းအဖွဲ့ဝင်များနှင့် ပြည်နယ်နှင့်တိုင်း ကွန်ရက်အဖွဲ့ဝင်များ အစည်းအဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၆၊ ဩဂုတ်လ ၁၃ ရက်နေ့ညနေပိုင်းတွင် မကွေးမြို့ ကပ်ကျော်ပညာပါရမီကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ NNER ပြည်နယ်နှင့်တိုင်း ကွန်ရက်အဖွဲ့ဝင်များ၊ ဒေသခံကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် လာမည့် အောက်တိုဘာလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် မကွေးမြို့၌ ကျင်းပပြုလုပ်မည့် NNER ပြည်နယ်နှင့်တိုင်း ကွန်ရက်များ၏ ၆ လပတ်အစည်းအဝေးနှင့် ဟောပြောဆွေးနွေးပွဲအတွက် အသေးစိတ် အချက်အလက်များကို ညှိနှိုင်းတိုင်ပင်ခဲ့ကြပါသည်။