NNER တတိယအကြိမ်မြောက်ညီလာခံ နောက်ဆုံးနေ့ကျင်းပ

ပါတီလှုပ်ရှားမှုများ

“ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် NNER တတိယအကြိမ်ညီလာခံ နောက်ဆုံးနေ့ကို ၆-၅-၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀ဝ ကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ ပညာရေးစီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စများတွင် လူထုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ESPBAE မှ Ms. Helen Dabu၊ Mr. Rene Raya နှင့် ဒေါက်တာသိန်းလွင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပညာရေးလုပ်ငန်းကို လက်တွေ့ဆောင်ရွက်နေကြသည့် ပညာရှင်များက မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဌာနေတိုင်းရင်းသားပညာရေးနှင့် လူထုအခြေပြု ပညာရေးလုပ်ငန်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်နယ်ကျောင်းသားသမဂ္ဂများ၊ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဒေသခံများ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”200″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]