NNER ကိုယ်စားပြုကော်မတီအစည်းအဝေးသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

NNER (ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် ပညာရေးမူဝါဒဆွေးနွေးပွဲ ပထမနေ့ကို ၂၈-၃-၁၇ ရက်နေ့ နံနက် ၉:ဝ၀ နာရီမှ ညနေ ၅:ဝ၀ နာရီအထိ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် အပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ NNER ကိုယ်စားလှယ်များ၊ လုပ်ငန်းကော်မတီဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ နာယကများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်လာသည့် ပြည်နယ်နှင့်တိုင်းကိုယ်စားလှယ်များ၊ အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက မိမိတို့ဒေသအသီးသီးတွင် ဆောင်ရွက်ထားရှိချက်များ၊ ဒေသအခြေအနေများ၊ အတွင်းရေးမှူးအဖွဲ့ အစီရင်ခံစာတို့ကို တင်ပြအစီရင်ခံခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”181″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]