NNER ကိုယ်စားပြုကော်မတီအစည်းအဝေးသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကိုယ်စားပြုကော်မတီအစည်းအဝေးကို ၂၀၁၇၊ သြဂုတ်လ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ပဲခူးကျောက်တန်းစံပြကျေးရွာရှိ ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပထမနေ့တွင် တက်ရောက်လာသည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်း ကော်မတီဝင်များက လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့်အခြေအနေများ၊ စိန်ခေါ်ချက်များ၊ ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် NNER တတိယအကြိမ် ညီလာခံမှ ပြင်ဆင်ဖြည့်စွက်ထားသည့် ပညာရေးမူဝါဒများကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ ထို့နောက် ရှေ့လုပ်ငန်းစဉ်များ၊ ဒီဇင်ဘာလတွင် ထားဝယ်မြို့၌ ကျင်းပမည့် ၆ လပတ်အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များနှင့် ပဲခူးတိုင်းကွန်ရက်ဖွဲ့စည်းရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းအစည်းအဝေးသို့ ကိုယ်စားပြု ကော်မတီဝင်တစ်ဦး ဖြစ်သည့် DPNS အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”252″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]