Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်စစ်ကြောင်းကို သွားရောက်ကူညီ

ပါတီလှုပ်ရှားမှုများ

စစ်ကိုင်း၊ ပတ္တမြားစက်မှုဇုန်၊ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်စစ်ကြောင်းသည် စစ်ကိုင်းမှ နေပြည်တော်သို့ ချီတက်လာခဲ့ကြပါသည်။
ထို့အတွက် ၃၀- ၄- ၂၀၁၆ ရက်နေ့တွင် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့၊ လေးမျက်နှာဘုရားတန်ဆောင်းအရောက်တွင် လိုအပ်နေသော သောက်ရေသန့်၊ ဓါတ်ဆား၊ ခမောက်နှင့် ဖိနပ်များကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များက သွားရောက်လှူဒါန်းခဲ့ပါသည်။
ထိုသို့သွားရောက်လှူဒါန်းစဉ် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးသန့်စင်တို့က သပိတ်မှောက်အလုပ်သမားများ၏ ကျန်းမာရေးအခြေအနေများနှင့် အခြားလိုအပ်နိုင်သည့် ကိစ္စများကိုလည်း အလုပ်သမားခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြပါသည်။
ပါတီသည် အလုပ်သမားများ၏ အခွင့်အရေးနှင့် အခြေခံရပိုင်ခွင့်များဆိုင်ရာ မှန်ကန်သော တောင်းဆိုတိုက်ပွဲဝင်မှုများနှင့်ပတ်သက်၍ ပါတီ၏ မူဝါဒများနှင့်အညီ အစဉ်အမြဲထောက်ခံသွားမည်ဖြစ်ပြီး လိုအပ်သလို ဝန်းရံသွားမည် ဖြစ်ပါ သည်။