IRI က စီစဉ်ကျင်းပသည့် ရွေးကောက်ပွဲကြားကာလ နိုင်ငံရေးပါတီများ၏ လုပ်ငန်းနှင့်အခန်းကဏ္ဍ ဆိုင်ရာဆွေးနွေးပွဲသို့တက်ရောက်

ပါတီလှုပ်ရှားမှုများ

၂၀၁၇ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မုံရွာမြို့၌ IRIက စီစဉ်ကျင်းပသည့် ရွေးကောက်ပွဲကြားကာလ နိုင်ငံရေးပါတီများ၏ လုပ်ငန်းနှင့်အခန်းကဏ္ဍ ဆိုင်ရာဆွေးနွေးပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပါတီစည်းရုံးရေးကော်မတီဝင်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ၌ လာမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံးမဲဆွယ်မှုဆိုင်ရာ နည်းဗျူဟာများ မည်သို့ချမှတ်သင့်ကြောင်းကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြစိုက်ထားသော နိုင်ငံရေးပါတီ ၁၂ ခု၏ ကိုယ်စားလှယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”307″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]