Gathering of women survivors သို့ ပါဝင်တက်ရောက်

ပါတီလှုပ်ရှားမှုများ

AJAR(Asia Justic and Rights အဖွဲ့၏ စီစဉ်မှုဖြင့် ရှင်သန်လွတ်မြောက်လာသူအမျိုးသမီးများ တွေ့ဆုံပွဲ (Gathering of women survivors) ကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ၂၃-၁၀-၁၆ မှ ၂၆-၁၀-၁၆ အထိ လေးရက်တာ ပြုလုပ်ခဲ့ပါသည်။ ၎င်းတွေ့ဆုံပွဲသို့ WON၊ KWEG၊ KWO၊ TWO၊ KWAT၊ ဝိမုတ္တိအဖွဲ့တို့၏ စုစည်းမှုဖြင့် နိုင်ငံရေးအကျဉ်းသူဟောင်းများ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ၊ မြေသိမ်းယာသိမ်းခံတောင်သူများ၊ ကချင်၊ ကရင်၊ တအာင်းစစ်ဘေးဒုက္ခသည်များ၊ စစ်ကြောင့်ထိခိုက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးများ စုစုပေါင်း ၆၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မိမိတို့၏ အတွေ့အကြုံများကို အချင်းချင်းဝေမျှခဲ့ကြပြီး ဆက်လက်ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။