ENAC က စီစဉ်ပြုလုပ်သည့် ဖက်ဒရယ်စနစ် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

ပါတီလှုပ်ရှားမှုများ

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ) ENAC က စီစဉ်ပြုလုပ်သည့် ဖက်ဒရယ်စနစ် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၃ နှင့် ၂၄ ရက်နေ့များတွင် ရန်ကုန်မြို့ Green Hill Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ENAC က လေ့လာပြုစုထားသည့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်၊ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ်၊ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး၊ ပြည်နယ်လုံခြုံရေးဆိုင်ရာ လေ့လာမှုများ၊ စွမ်းအင်ဆိုင်ရာမူဝါဒ(မူကြမ်း)တို့အား တင်ပြခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)အဖွဲ့ဝင် ပါတီများ၊ UNA + ခေါင်းဆောင်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် မဆုပြည့်သော်တာတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”512″ display=”basic_thumbnail”]