DPNS အင်္ဂပူမြို့နယ် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

နိုဝင်ဘာ ၇၊ ၂၀၁၉။ အင်္ဂပူ။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အင်္ဂပူမြို့နယ်ဒေသခံလူထုတွေ့ဆုံပွဲကို အင်္ဂပူမြို့နယ်၊ ချင်းကုန်းကျေးရွာ၌ နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အဖွင့်အမှာစကားကို အင်္ဂပူမြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဖြတ်သန်းမှုသမိုင်းကြောင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတို့ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစောအောင်တို့ကလည်းကောင်း လူငယ်နှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍကို လူ့ဘောင်သစ်လူငယ်ဗဟိုလုပ်ငန်းကော်မတီဝင် မအေးမြတ်သန္တာနှင့် ကိုထက်နိုင်လင်းတို့ကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် ဒေသဆိုင်ရာအခြေအနေများနှင့် နိုင်ငံ၏ ပကတိအခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသသည်။ ထို့နောက် အင်္ဂပူမြို့နယ်ကော်မတီအတွင်းရေးမှူး ဦးဇော်မင်းက တက်ရောက်လာသည့် ပါတီဝင်များ၊ ဒေသခံပြည်သူများအား ကျေးဇူးတင်စကား ပြောကြားပြီးနောက် တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ပါသည်။

[ngg src=”galleries” ids=”724″ display=”basic_thumbnail”]